ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျတိမ်းမှောက်၍ လူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိ

မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျနေစဉ်(ပြည်ထဲရေး)

    ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

    ရှမ်းပြည်နယ် သိန္နီ-ကွတ်ခိုင်သွားကားလမ်း မိုင်တိုင်(၂၀၈/၅-၆)ကြား ကျောက်တောင်ကွေ့၌ ဇွန် ၂ရက်က မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျတိမ်းမှောက်၍ လူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

သိန္နီမြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော MDY GG/×××× AD Van ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ပေ ၅၀ ခန့်ရှိ ချောက်အတွင်းသို့ ပြုတ်ကျခဲ့ရာ အမျိုးသားနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ၃ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအား သိန္နီမြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျတိမ်းမှောက်၍ လူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိ ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျတိမ်းမှောက်၍ လူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 02:36 Rating: 5
Powered by Blogger.