မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၈၂၅၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုဆေးဝါးများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုဒရိုကလိုရစ်အက်ဆစ် ၁၁၀၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅၀ သိန်း)နှင့် ပလတ်စတစ်ပုံးများဖြင့်ထည့်ထားသည့် ဆာလဖျူရစ်အက်ဆစ် ၅၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက်နေ့ ၂၁၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇)မန္တလေး (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ရဲရွာသွားလမ်းတွင် ရပ်တန့်ထားသည့် ၁၂ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ပေပါများဖြင့်ထည့်ထားသည့်  အဆိုပါထိန်းချုပ်ဓာတုပစ္စည်းများကို တွေ့ရှိသဖြင့် အုန်းချောနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၈၂၅၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုဆေးဝါးများ သိမ်းဆည်းရမိ မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၈၂၅၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုဆေးဝါးများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.