ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျ၊ လေယာဉ်မှူး ၂ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံတွင် ဧပြီလက စစ်လေယာဉ်တစ်စင်း လေ့ကျင့်နေစဉ် ပျက်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဟနွိုင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ခန်ဟွာပြည်နယ်တွင် ဇွန်လ ၁၄ ရက်က ပျံသန်းမှုလေ့ကျင့်ခန်း ပြုလုပ်စဉ် စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

အဆိုလေယာဉ်က ကမ်လမ်ခရိုင်၊ ဆွယ်တန်ရပ်ကွက်တွင် ပျက်ကျပြီးနောက် မီးလောင်သွားခဲ့ကြောင်း အများပြည်သူဆိုင်ရာ ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ ငုယင်ငွက်ခွီ (Nguyen Ngoc Khue) ၏ ပြောကြားချက်အား ကိုးကား၍ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

လေယာဉ်မှူး နှစ်ဦးအနက် တစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးမှာမူ အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခန်ဟွာပြည်နယ် နာထရန်မြို့ရှိ လေတပ်အရာရှိလေ့ကျင့်ရေးကျောင်း ပါမောက္ခချုပ် ငိုဗင်ဖက် (Ngo Vinh Phuc) က အဆိုပါ လေယာဉ်မှာ လေ့ကျင့်ရေးကျောင်းမှ ပိုင်ဆိုင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျ၊ လေယာဉ်မှူး ၂ ဦးသေဆုံး ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျ၊ လေယာဉ်မှူး ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.