ကောလင်းမြို့နယ်​ဥမှင်​ကုန်း​ကျေးရွာတွင်​ လူသတ်​မှုတစ်​ခုဖြစ်​ပွားရာ လူသတ်​တရားခံအား နာရီပိုင်းအတွင်းဖမ်းမိခဲ့


ကောလင်း ဇွန် ၁၄

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊​ကောလင်းမြို့နယ်​ ဥမှင်​ကုန်း​ကျေးရွာတွင်​လင်​မယားနှစ်​​ယောက်​စကားများ ရန်​ဖြစ်​ရာ ဇနီးဖြစ်​သူ​သေဆုံးသွား​ကြောင်းသိရသည်​။

ဇွန် ၁၃ ရက်​​ ည​နေ ၅ နာရီခွဲ ခန့်​တွင်​​ကောလင်းမြို့နယ်​၊ဥမှင်​ကုန်း​ကျေးရွာ​နေဦးမြင့်​တိုးသည်​တစ်​တည်းနေ အစ်​မဖြစ်​သူ​ ဒေါ်ခင်​သက်​ချိုမှာ ၎င်း၏​နေအိမ်​တွင်​ ဓားဒဏ်​ဖြင့်​​သေဆုံး​နေ​ကြောင်း ကြားသိရသဖြင့်​သွား​ရောက်​ကြည့်​ရှုရာ အစ်​မဖြစ်​သူ​ဒေါ်ခင်​သက်​ချိုသည်​ ၎င်း၏ခင်​ပွန်း ဦးမြင့်​တိုးနှင့်​ စကားများရန်​ဖြစ်​ရာဦးမြင့်​တိုးမှအရိုးအသွား ၂၇လက်​မခန့်ရှိထင်းခုတ်​ဓားမဖြင့်​ခုတ်​လိုက်​ရာ​ဒေါ်ခင်​သက်​ချိုမှာအခင်းဖြစ်​​နေရာတွင်​​သေဆုံး​နေ​ကြောင်း​တွေ့ရှိရ သဖြင့်​​ကောလင်းမြို့မရဲစခန်းသို့တိုင်​ကြားခဲ့ရာ​ကောလင်း မြို့မရဲစခန်းမှူးဒုရဲမှူး​ငွေမျိုးမြင့်​နီဦးစီး​သောရဲတပ်​ဖွဲ့မှဇနီးဖြစ်​သူ ​ဒေါ်ခင်​သက်​ချိုအားဓားဖြင့်​ခုတ်​သတ်​သူ ၎င်း၏ခင်​ ပွန်းဦးမြင့်​တိုးအား ဇွန် ၁၃ ရက်​​ ည ၁၁ နာရီ ၁၅မိနစ်တွင်​ ဖမ်းဆီးရမိခဲ့​ကြောင်းသိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကောလင်းမြို့နယ်​ဥမှင်​ကုန်း​ကျေးရွာတွင်​ လူသတ်​မှုတစ်​ခုဖြစ်​ပွားရာ လူသတ်​တရားခံအား နာရီပိုင်းအတွင်းဖမ်းမိခဲ့ ကောလင်းမြို့နယ်​ဥမှင်​ကုန်း​ကျေးရွာတွင်​ လူသတ်​မှုတစ်​ခုဖြစ်​ပွားရာ လူသတ်​တရားခံအား နာရီပိုင်းအတွင်းဖမ်းမိခဲ့ Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.