တောင်ငူ-လွိုင်ကော် တောင်ပေါ်ကားလမ်းတွင် ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံး


တောင်ငူ ဇွန် ၁

တောင်ငူ-လွိုင်ကော်ကားလမ်း ကွမ်းပင်ကျေးရွာအုပ်စု၊ ထုံးဘိုကြီးကျေးရွာ၊ မိုင်တိုင် ၁၆/၄ နှင့် ၅ အကြားတွင် မေ ၃၁ ရက် ည ၇ နာရီခွဲ ခန့်က ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးနှစ်ဦး နှင့်အမျိုးသားတစ်ဦးသေဆုံး၍ အမျိုးသား ၅ ဦး၊ အမျိုးသမီးတစ်ဦး(စိုးရိမ်ရ)ဒဏ်ရာ များရရှိသွားခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူ ယာဉ်ထိန်းတပ်ဖွဲ့စု(၁၂)မှ ရဲအုပ် မိုးနောင် ဦးစီးအဖွဲ့နှင့် အမှတ်(၃) နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ခင်သက်မွန် ဦးစီးအဖွဲ့တို့ပူးပေါင်း၍သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူ-လွိုင်ကော်ကားလမ်းအတိုင်း လွိုင် ကော်ဘက်မှ တောင်ငူဘက်သို့ ဖြူးမြို့နယ်နေ မျိုးသူ ၃၂ နှစ်၊ ရေလျှံကျေးရွာ မောင်းနှင်လာသော လမ်းဘေး တွင်ရပ်တန့်ထားသည့်သုံးဘီးဆိုင်ကယ်အား ဝင်တိုက်မိခဲ့ပြီး လမ်းဘေး တဲအိမ်အားဆက်လက်၍အရှိန် လွန်ဝင်ရောက်တိုက်မိကာတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်သည် ယာဉ်တိုက် တိမ်းမှောက်မှုကြောင့် ဒေါ်ခင်ဝင်းကြည် ၅၂ နှစ်၊ တောင်ငူမြို့နေ မသိန်းသိန်းမော် ၄၈ နှစ်၊မောင်ချစ် စန်းမောင် ၂၅ နှစ်တို့ သုံးဦးသည် ရရှိသည့်ဒဏ်ရာများဖြင့် နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့မှာ(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့၍ ယာဉ်မောင်း မျိုးသူ အား တောင်ငူအမှတ်(၃)နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူ-လွိုင်ကော် တောင်ပေါ်ကားလမ်းတွင် ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံး တောင်ငူ-လွိုင်ကော် တောင်ပေါ်ကားလမ်းတွင် ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.