သျှမ်းပြည်နယ်အစိုးရ ညွှန်ကြားမှုဖြင့် ဘ၀သံသရာတံတားတွင်နားနေစခန်းများ တည်ဆောက်မည်


မေလ ၂၇ ရက် ၂၀၁၉

တောင်ကြီးမြို့နယ် တောင်လေးလုံး အတက်လမ်း၊ ဟဲဟိုးမြို့အနီးရှိ ဘ၀သံသရာ တံတား တွင် လူထုများနားနေစခန်းနှင့် ယာဉ်ရပ်နားစခန်းများတည်ဆောက်ရန် သျှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်သွားမည်ဟု သျှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူးဦးအေးကို ထံမှသိရသည် ။

“အပန်းဖြေစခန်းကြီးတစ်ခုရယ်လို့တည်ဆောက်ဖို့မရည်ရွယ်ပါဘူး၊ဘ၀သံသရာတံတားကို လာရောက် လည်ပတ်ကြတဲ့ ပြည်သူတွေ စနစ်တစ်ကျ ဖြစ်အောင် ရှုရပ်လေးတွေ ၊ အဆောင်လေးတွေ ၊ဇရပ်လိုဟာလေးတွေ ၊ စင်္ကြန်လိုဟာ လေးတွေ ၊အတက်အဆင်း လှေကားတွေ ၊ အပေါ့အပါး သွားလို့ရမယ့် အိမ်သာတွေ ၊ ကားပါကင် လုပ်မယ် အဲ့လောက်ပဲ လုပ်မှာပါ အပန်းဖြေစခန်း ကြီးတစ်ခုအနေနဲ့ တော့ဆောင်ရွက်သွားဖို့ ရည်ရွယ် ထားခြင်းလဲ မရှိပါဘူး ” ဟု ဦးအေးကိုရှင်းပြသည် ။

အဆိုပါ နေရာတွင် နားနေစခန်းများတည်ဆောင်နိုင်ရန် အတွက် အများပြည် သူများ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ဒီဇိုင်းရွေးချယ်မှုများအား ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်းနှင့် စည်ပင်သာယာရေးဌာနမှ ကော်မတီဖွဲ့ တို့ပူး ပေါင်း ကာစီစဉ်ဆောင်ရွက်လျှက်ရှိပြီး စတင်တည်ဆောက်မည့် ရက်ကို သတ်မှတ်ထားခြင်း မရှိသေး ကြောင်းဆက်လက်သိရသည် ။
ဘ၀သံသရာတံတားအား ပြည်တွင်းပြည်ပ ခရီးသွားများက အထူးစိတ်ဝင်စားကာ အများအပြား လာရောက် လည်ပတ်ကြသည်။ ဘ၀သံသရာ တံတားကို ၁၉၂၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး ယခု သက်တမ်းနှစ် ၉၀ နီးပါးရှိပြီဖြစ်သည်။ တံတားအမြင့် ၆၂ ပေရှိကာတံတား အရှည် ပေ ၂၀၀ ရှိကြောင်း သိရသည် ။

အဆိုပါ တံတားပေါ်မှ နေ့စဉ် အကွာအဝေး ၉၈ မိုင်ရှိသည့် သာစည် - ရပ်စောက်သို့ အစုံ -အဆန်ခရီး ပုံမှန် ပြေးဆွဲလျက် ရှိကာ ကုန်ရထား၊ ဆီသုံးတွဲရထား ၊ ရထားသံလမ်း အောက်ခံ ကွန်ကရစ် ဇလီဖားတုံး သယ်ဆောင်ခြင်း အတွက် အဆိုပါတံတားအား အသုံးပြုကြရကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း
https://www.facebook.com/ShanNewsBurmese
သျှမ်းပြည်နယ်အစိုးရ ညွှန်ကြားမှုဖြင့် ဘ၀သံသရာတံတားတွင်နားနေစခန်းများ တည်ဆောက်မည် သျှမ်းပြည်နယ်အစိုးရ ညွှန်ကြားမှုဖြင့် ဘ၀သံသရာတံတားတွင်နားနေစခန်းများ တည်ဆောက်မည် Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.