အသဲကွဲလို့ အဝေးပြေးလမ်းမှာ ကားတိုက်ခံတဲ့သူ


ဆန့် ကျင်ဖက်နှစ်ဦး

December 12,2018

ထိုင်းနိုင်ငံ ရနောင်းမြို့ မှာ မနေ့ ည တစ်နာရီက မြန်မာ နိုင်ငံသား လှေလုပ်သားတစ်ဦးမိမိကိုယ်သတ်သေဖို့  အဝေးပြေးလမ်းမှာ ကားတိုက်ခံနေခဲ့တာကို ကားတွေက တိုက်မသွားပဲ ရဲကိုအကြောင်းကြားကြလို့  ရနောင်းရဲကား လာခေါ်ခဲ့တာပါ။

အသက်၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားဟာ သူ့ ကို ပင်လယ်စာ စက်ရုံမှာလုပ်တဲ့ မြန်မာနိုင်ငံသူက အသဲခွဲခဲ့လို့  လောကမှာ မနေခြင်တော့ဘူးလို့  အော်ငိုပြီး ထိုင်းရဲတွေကို ပြောနေခဲ့ပါတယ်။

အဆိုပါ မြန်မာ အမျိုးသားကို ရဲစခန်းမှာတစ်ညထိမ်းထားပြီးမနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့  သိရပါတယ်။
တာဝန်ကျ ရဲတပ်ကြပ်ကြီးက """မင်းနဲ့ ကွာ မိန်ခလေးကအဆက်ဖြတ်တာ ပျော်၇မှာကို ဘာလို့  များ အသဲကွဲ ခံစားနေရလဲ..ငါဆို မိန်းမကိုကွာခြင်နေတာ သူကကွာမပေးလို့  စိတ်ညစ်နေရတယ်""""လို့  မြန်မာနိုင်ငံသားကို ဖျောင်းဖြပြောဆိုခဲ့ကြောင်း ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။

Social Action for Children and Women - SAW
အသဲကွဲလို့ အဝေးပြေးလမ်းမှာ ကားတိုက်ခံတဲ့သူ အသဲကွဲလို့ အဝေးပြေးလမ်းမှာ ကားတိုက်ခံတဲ့သူ Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.