လူငယ်တစ်ဦးအား အဓမ္မအလုပ်ခိုင်းစေပြီး လုပ်ခလစာခေါင်းပုံဖြတ်ယူသူအား ထောင်ဒဏ် (၂၀)နှစ် ချမှတ်


နေပြည်တော် ၁၁ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာနေ (၁၆)နှစ်အရွယ် လူငယ်တစ်ဦးအား အဓမ္မအလုပ်ခိုင်းစေပြီး လုပ်ခလစာခေါင်းပုံဖြတ်ယူသူအား ထောင်ဒဏ် (၂၀)နှစ် ချမှတ်လိုက်ကြောင်း သိရပါသည်။

 ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ဂိုထောင်တစ်ခုအတွင်း နေ့စဉ်ကြက်မွှေးနှုတ်ခြင်း၊ ကြက်သွန်လှီးခြင်းများ (၈)လခန့် အဓမ္မခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ယူသူ ဒေါ်ဖာသမန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၀၆)ရပ်ကွက်နေသူအား ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးရာကြီးအမှုအမှတ် ၆၅/၂၀၁၇၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမှုမှထွက်ပြေးတိမ်းရှောင်သူ နိုင်ဦးနှင့် ကျော်သူတို့အား တရားခံပြေးကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိပါသည်။

သစ်ထူးလွင်

လူငယ်တစ်ဦးအား အဓမ္မအလုပ်ခိုင်းစေပြီး လုပ်ခလစာခေါင်းပုံဖြတ်ယူသူအား ထောင်ဒဏ် (၂၀)နှစ် ချမှတ် လူငယ်တစ်ဦးအား အဓမ္မအလုပ်ခိုင်းစေပြီး လုပ်ခလစာခေါင်းပုံဖြတ်ယူသူအား ထောင်ဒဏ် (၂၀)နှစ် ချမှတ် Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.