မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ မောင်းနှင် လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ


တာချီလိတ် - ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ထ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်နှင့် ခဲယမ်းများကို ဒီဇင်ဘာ ၁၁ ရက်ညနေပိုင်းက ဖမ်း ဆီးရမိပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက် ညနေ ၅ နာရီအချိန်တွင် ရဲအုပ် ကိုကိုဦးစီးသော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာ ချီလိတ်မြို့၊ လွယ် တော်ခမ်းအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်း စစ် ဆေးရေးဂိတ်ရှေ့ လမ်းမပေါ်တွင် ရှောင်တခင်ပိတ်ဆို့ရှာဖွေ စစ် ဆေးခြင်း ဆောင်ရွက်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ vigo အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်မောင်းလာသူမှာ စိုင်းဆိုင်း(၅၀ နှစ်)ဖြစ်ပြီး ရှေ့ခေါင်းခန်းတွင် ကျော်စိန်(၄၄ နှစ်)မှ ထိုင်ကာ နောက်ခမ်းတွင် Mr.Somchai Maha Frannoon၊ (၂၉ နှစ်)၊ Mr.Suberk(၄၀ နှစ်)၊ Mr.Thanatip (၃၇ နှစ်)၊ Mr.Naijai (၃၉ နှစ်)ထိုင်းနိုင်ငံသားများ လိုက်ပါလာခဲ့ရာ ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်နှင့် လူများအား ရှာဖွေရာ ထိုင်းနိုင်ငံသား Mr.Somchai Maha Frannoon လွယ်ထားသော အိတ်အတွင်းမှ Colts(.45 Automatic Caliber) အမျိုးအစား CU33092 နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ် ခု၊ ကျည် ၁၀ တောင့်၊ Mr.Thanatip လွယ် ထားသော အိတ်အတွင်းမှ Pietro Beretta(PB) အမျိုးအစား 1182673Z နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၄င်း ကျည် တစ်ခု၊ 9MM Luger ကျည် ၁၂ တောင့်နှင့် Pietro Beretta(PB) အမျိုးအစား G25320Z နံပါတ်ပါပစ္စတိုသေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ 9 MM Luger ကျည် ၁၂ တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ၄င်းတို့စီးနင်းလာသော မော်တော် ယာဉ်နှင့် အတူ လက်နက်၊ ခဲယမ်းများအား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပါတယ်။

အမှုမှ တရားမ၀င် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဆိုင်(၅၀ နှစ်)၊ ကျော်စိန် (၄၄ နှစ်) တာချီလိတ်မြို့နေ သူနှစ် ဦးနှင့် Mr.Somchai Maha Frannoon ၊ (၂၉ နှစ်)၊ Mr.Suberk (၄၀ နှစ်)၊ ၊ Mr.Thanatip (၃၇ နှစ်)နှင့် Mr.Naijai (၃၉ နှစ်)၊ ထိုင်း နိုင်ငံနေသူ ၄ ဦး၊ စုစုပေါင်း ၆ ဦးတို့အား တာချီလိတ်မြို့မရဲစခန်း ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ မောင်းနှင် လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ မောင်းနှင် လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.