ပြည်-ကံမလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအား တူမီးသေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိ


ပန်းတောင်း - ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာအနီး ပြည်- ကံမကားလမ်း မိုင်တိုင်အမှတ် ၂၂/၇ နှင့် ၂၃ မိုင်ကြားတွင် ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ် ခံရမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ် ဒန့်ဒလွန်ကျေးရွာအုပ်စု ကြာအင်းကျေးရွာနေ မပပဝင်း (၁၈ နှစ်)မှ ဆိုင်ကယ်မောင်းနှင်ပြီး ဆိုင်ကယ်နောက်မှ မချစ်ဦးမေ(၁၆ နှစ်) ကြာအင်းကျေးရွာနေသူ လိုက်ပါလာသည့် ဆိုင်ကယ်အမှတ် ၃၆ယ/----- မှာ ကြာအင်းကျေးရွာက ဆင်တဲကျေးရွာသို့ မောင်းနှင်လာစဉ် အမျိုးသားနှစ်ဦး မောင်းနှင် လာသောဆိုင်ကယ်မှ မပပဝင်းတို့ဆိုင်ကယ်ကို ကျော်တက်သွားပြီး ပြည်- ကံမလမ်း မိုင်တိုင်အမှတ် ၂၂/၇ နှင့် ၂၃ ကြားအရောက်တွင် တာလမ်းဘေးတွင်ရပ်၍ စောင့်ဆိုင်းကာ မပပဝင်းတို့ ဆိုင်ကယ်ရောက်ရှိလာချိန်တွင် လမ်းအလယ်သို့တက်လာပြီး အရပ် ငါးပေခန့်ရှိသူက ၄င်းလက်တွင် အသင့်ကိုင်ဆောင်ထားသော အရှည်တစ်တောင် ခန့်ရှိ သေနတ်ဟုယူဆရသော သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ် မောင်းနှင်သူ မပပဝင်းတွင် ယာဘက်ရင်အုံဖောက်ဝင်ဒဏ်ရာ နှစ်ချက်(အတွင်း လူနာ/မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆိုင်ကယ်မှာ ယင်းနေရာတွင် လဲကျသွားကြောင်း၊ နောက်မှ လိုက်ပါလာသူ မချစ်ဦးမေမှာ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပန်းတောင်းမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ ရွာသစ်ကုန်းကျေးရွာ မုဆိုးဘုရား တောရဘုန်းကြီးကျောင်းအနီး လမ်းပေါ်တွင် သီဟစိုး (၁၈ နှစ်) လက်ခုပ်ပင်ကျေးရွာ ပြည်မြို့နေသူနှင့် ဝင်းကိုအောင် (၁၇ နှစ်) ကျီးပင်ကျေးရွာ ပန်းတောင်းမြို့နယ်နေသူ တို့အား ဆိုင်ကယ်နှစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိ၍ စစ်မေးရာမှ မပပဝင်းတို့အား တူမီးသေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်လုယူရန် ကြိုးပမ်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် သေနတ်ကို ဖိုးဦးတောင်ဘုရားခြေရင်း ကားရပ်နား ကွင်းနောက်ဘက်ရှိ သစ်ပင်များကြားမှ သိမ်းဆည်းရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ သီဟစိုးနှင့် ဝင်းကိုအောင်တို့အား ပန်းတောင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အောင်မြင့် (ပန်းတောင်း)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြည်-ကံမလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအား တူမီးသေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိ ပြည်-ကံမလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအား တူမီးသေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:58 Rating: 5
Powered by Blogger.