စင်္ကာပူက မြန်မာငွေတု ရလာတယ် ဆိုတဲ့ ကိစ္စ၊ မိခင် ဖြစ်သူနဲ့ မေးမြန်းချက် အပြည့်အစုံ

သမီးနဲ့တွေ့ရတယ်။ သမီးကိုတော့ အချုပ်ခန်း ထဲမှာ ပေါ့နော် ထည့်ထားတယ်
စင်္ကာပူမှာ အလုပ်လုပ်ပြီး ပြန်လာသူ ဒိုက်ဦးမြို့နယ်က နော်သော့သွဲ့ထူး ဟာ သူ့ရဲ့ လစာကို စင်ကာပူမှာတင် မြန်မာငွေနဲ့ လဲပြီး ဒီဇင်ဘာ ၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ ပါတယ်။ အိမ်ရောက်ပြီး ဈေးဝယ်တဲ့ အခါကျမှ ငွေတွေဟာ အတုတွေ ဖြစ်နေမှန်း သိခဲ့ရပါတယ်။ အခုတော့ ငွေတုကိုင်ဆောင်မှုနဲ့ သူ့ကို ရဲက ဖမ်းဆီး စစ်ဆေးနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် သိရအောင် နော်သော့သွဲ့ထူးရဲ့ မိခင်ဖြစ်သူ ဒေါ်သီသီခိုင် ကို ဘီဘီစီက ဆက်သွယ် မေးမြန်း တော့...

ဒေါ်သီသီခိုင် ~ စင်္ကာပူက ငွေလဲလာပြီး ဒီရောက်တော့ မသိသေးဘူး။ နောက် ပြန်ရောက်ပြီး၊ ဒီကိုရောက်ပြီး နောက်ရက်တွေ ကျမှ ဈေးသွားဝယ်မှ အတုလို့ သိတယ်လေ။ သစ်ဆန်းထွန်းကို {ဈေး} ဝယ်လိုက်တာ ပေါ့နော်..သစ်ဆန်းထွန်း ကလည်း ကုန်ဆိုင်ပေါ့..သစ်ဆန်းထွန်းက ပြောလိုက်တာပေါ့ တိုင်လိုက်တာပေါ့..အဲဒီကနေမှ ရဲစခန်းကို စခန်းရုံးကို ရောက်သွား တယ်။ {ကျွန်မတို့} သိတဲ့ အချိန်မှာ ဥက္ကဌနဲ့ ရဲကို သွားအပ်မယ် ဆိုပြီးတော့ သွားတယ်။ သွားတဲ့ အချိန်မှာ အဲဒီမှာ သစ်ဆန်းထွန်း ကလည်း ခေါ်လို့ သွားလိုက်တယ်။ သူက ရဲတွေကို အကြောင်းကြားထား ပြီတော့ ရဲစခန်းကို ပို့တယ်။ ရဲစခန်း ကနေ ပြီးတော့ အဲဒီမှာ ပိုက်ဆံတွေကို ရေတွက်ပြီးတော့ လုပ်ပြီးတော့မှ...အိမ်ကို ပြန်လာတယ်။ ပြန်လာ ပြီးတော့ ထပ်ရှာ တယ်။

ဘီဘီစီ ~ သူက အဲဒီပိုက်ဆံတွေကို ဘယ်ကနေ ရလာတာလဲ။

ဒေါ်သီသီခိုင် ~ စင်္ကာပူ ကနေပြီးတော့ သူဌေးမက လဲပေးလိုက်တာ။

ဘီဘီစီ ~ ပိုက်ဆံအားလုံးပေါင်းက ဘယ်လောက်လောက် ရှိပါလဲ။

ဒေါ်သီသီခိုင် ~ ၂၉ သိန်း ၆ သောင်း...

ဘီဘီစီ ~ ငွေတွေဒီလောက်အများကြီးက အတုတွေပါလာမှန်း အမတို့ မသိဘူးပေါ့နော်...ဘယ်လောက်လောက် {အတု}ပါလာတယ် လို့ရော စခန်းက ပြောပါလဲ။

ဒေါ်သီသီခိုင် ~ အကုန်လုံးပဲ သူ့ဥစ္စာက အခု ပါလာတဲ့ဟာ အကုန်လုံးပဲ။

ဘီဘီစီ ~ ဘယ်လောက်တန်တွေလဲ အမ

ဒေါ်သီသီခိုင် ~ ၁ သောင်းတန်တွေ

ဘီဘီစီ ~ ဒီပိုက်ဆံတွေ ဒီလောက်အများကြီး ငွေတွေကို စင်္ကာပူက သူဌေးမက ဘာဖြစ်လို့ ပေးလိုက်တာလဲ။

ဒေါ်သီသီခိုင် ~ အဲဒါကလည်း သမီးကလည်း လခက ၅ လစာဆိုတော့ သူက မပို့တော့ဘူးလေ...မပို့တော့ပဲနဲ့ ပြီးခဲ့တဲ့ ၂ နှစ်ကတုန်း ကလည်း သူအဲဒီလိုပဲ လဲပေးလိုက်ပြီးတော့ ပြန်ယူလာတာပဲလေ...ဒီနှစ်ကျတော့လည်း အဲဒီ ၅ လစာကို လဲပေး ပြီးတော့ သူပြန်ယူလာတာ။ အတုမှန်းမသိတော့ ပြန်ပါလာတာ...ဒီရောက်တာလည်း မသိပါဘူး...၂ ရက် ၃ ရက် ၄ ရက် အဲလောက်ကျမှ သိတာပေါ့နော်...

ဘီဘီစီ ~ အခုရော ရဲစခန်းက ခေါ်သွားတဲ့အချိန်မှာရော ဒီဖြစ်စဉ်တွေကို သူတို့ကို ပြောပြထားလား စခန်းကို။

ဒေါ်သီသီခိုင် ~ အင်းပြောပြထားပါတယ် အကုန်လုံး။

ဘီဘီစီ ~ အခုလောလောဆယ်ရော သမီးနဲ့ တွေ့ရပြီလား။

ဒေါ်သီသီခိုင် ~ သမီးနဲ့တွေ့ရတယ်။ သမီးကိုတော့ အချုပ်ခန်းထဲမှာပေါ့နော် ထည့်ထားတယ်။

ဘီဘီစီ ~ မိဘအနေနဲ့ရော အခု ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဆောင်ရွက်နေလဲ။

ဒေါ်သီသီခိုင် ~ မိဘ အနေနဲ့ဆို ကျွန်နော်တို့ ဘက်ကတော့...ကျွန်တော်တို့ကတော့ နားမလည်တော့ မလုပ်တတ်ဘူး... ဘေးက ပံ့ပိုး ပြီးတော့ ကူညီပေးနေကြတယ်ပေါ့နော်။

BBC Burmese
https://www.bbc.com/burmese
စင်္ကာပူက မြန်မာငွေတု ရလာတယ် ဆိုတဲ့ ကိစ္စ၊ မိခင် ဖြစ်သူနဲ့ မေးမြန်းချက် အပြည့်အစုံ စင်္ကာပူက မြန်မာငွေတု ရလာတယ် ဆိုတဲ့ ကိစ္စ၊ မိခင် ဖြစ်သူနဲ့ မေးမြန်းချက် အပြည့်အစုံ Reviewed by THITHTOOLWIN on 23:58 Rating: 5
Powered by Blogger.