လက်​နက်​ကိုင်​အဖွဲ့မှ ချုံခိုတိုက်​ခိုက်​ခြင်းခံရ၍ တပ်မတော်သား ၂ ဦး ကျဆုံး


ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲ အချိန်ခန့် က​ ​ရှမ်းပြည်မြောက်ပိုင်း ၊ မူဆယ်​ဘက်​မှ​ မောင်းနှင်​လာ​သော ​ရှေ့တန်းပြန်​တပ်​ ယာဉ်​တန်းအား နမ့်မွှေးရေစင်ရွာနှင့် နမ့်ဖက်ကာ အကြား  ပန်​ဂျ​လော့​​တောင်အ​တက်​တွင်​ အမည်​မသိ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့မှ ချုံခိုတိုက်​ခိုက်​ခြင်းခံရ၍ စစ်​သည်​ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရပါသည်။

ဓါတ်ပုံ - မေတ္တာရှင် လူမှုကူညီရေးအသင်း နမ့်ဖတ်ကာ

ကျဆုံးစစ်သည် ကို​နေစိုး​အောင်​နှင့် ​မောင်​​ကျော်​မျိုးရင်​ တို့၏ ရုပ်​အ​လောင်းအား နံနက်​ ၅နာရီအချိန်တွင်​ ​မေတ္တာရှင်​ လူမှုကူညီ​ရေးအသင်းမှ သွား​ရောက်​သယ်​​ဆောင်​ကာ နမ့်​ဖတ်​ကာတိုက်​နယ်​​ဆေးရုံ ရင်​ခွဲရုံသို့ ပို့​ဆောင်​​ခဲ့ပါသည်​။

နံနက်​ ၅ ချိန်​တွင်​ အဆိုပါရုပ်​အ​လောင်းနှစ်​​လောင်းအား ဘာသာ​ပေါင်းစုံသချို င်္င်းတွင်​ မီးရှို့သဂြို င်္လ်​ခြင်းကို ကူညီ​ဆောင်​ရွက်​​ပေးခဲ့ကြောင်း မေတ္တာရှင် လူမှုကူညီရေးအသင်း နမ့်ဖတ်ကာမှ သတင်းထုတ်ပြန်ထားပါသည်။

သစ်ထူးလွင်
လက်​နက်​ကိုင်​အဖွဲ့မှ ချုံခိုတိုက်​ခိုက်​ခြင်းခံရ၍ တပ်မတော်သား ၂ ဦး ကျဆုံး လက်​နက်​ကိုင်​အဖွဲ့မှ ချုံခိုတိုက်​ခိုက်​ခြင်းခံရ၍ တပ်မတော်သား ၂ ဦး ကျဆုံး Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.