၆နှစ်အရွယ် KGတန်းခလေးငယ်(၁)ဦးအား သားမယားပြုကျင့်မှု ဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့ နယ်၊ ဘုရားချောင်းအုပ်စု၊ ရွာသာအေးကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့ က ၆နှစ်အရွယ် KG တန်းခလေးငယ်(၁)ဦး သားမယားအ ဖြစ်ပြုကျင့်ခံရကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၁:၃၀ အချိန်ခန့် တွင် တရားလို ဒေါ်--------သည် နေအိမ်၌ အိပ်နေစဉ် သမီး အငယ်ဆုံးဖြစ်သူ မ--------(၆)နှစ် kg တန်း ကျောင်းသူမှ နာတယ် နာတယ်ဟု ပြောပြီး အော်ငိုနေသဖြင့် သမီးဖြစ်သူ မ-------(၆)နှစ်အား မေးမြန်းရာ ၎င်းနေ့ နေ့လည် ၁၂:၀၀ အချိန်ခန့်က သမီး ----------ကို ဘဘ ဝင်းနိုင် လုပ်တယ်ဟု ပြောပြသည်။

 အကြောင်းဆုံမေးမြန်းကြည့်ရာ သမီးဖြစ်သူ မ------(၆)နှစ်အား တစ်ရွာတည်းနေ ဦးဝင်း
နိုင်(၄၉)နှစ် မှ မုန့်ဝယ်ကျွေးမယ် ဘဘနဲ့လိုက်ခဲ့ဟု ပြောဆိုပြီး ၎င်း၏နေအိမ် ခေါင်းရင်းဘက် ခြုံထဲသို့ ခေါ်ဆောင်ပြီး ဘောင်းဘီဆွဲချွတ်ကာ သားမယားအဖြစ်ပြုကျင့်ကြောင်း သမီးဖြစ်သူ မ------မှာ နာကျင်၍ ငိုသဖြင့် မငိုရန်ပြောပြီး ဘောင်းဘီပြန်ဝတ်ခိုင်းကြောင်း ပြောပြသိရှိရသဖြင့် ၊ မိဘအုပ်ထိမ်းမှုအောက်ရှိ သမီးဖြစ်သူ မ-------(၆)နှစ် အား သားမယားအဖြစ်ပြုကျင့်သူ ဦးဝင်းနိုင်(၄၉)နှစ်အား အရေးယူပေးပါရန် တိုင်တန်ခဲ့ကြောင်း သိရှိရသည်။

တရားလို ဒေါ်-------မှ တိုင်တန်သဖြင့် ဦးဝင်းနိုင် (၄၉)နှစ် (ဘ) ဦးမြသိန်း လယ်လုပ် ရွာသာအေးကျေးရွာ ဘုရားချောင်းအုပ်စု ဘိုကလေးမြို့နယ် နေသူအား ဘိုကလေးမြို့မ ရဲစခန်းမှ ပ/၄၅၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

တင်နိုင်ထွန်း(လှိုင်သာယာ) - Tin Naing Tun
၆နှစ်အရွယ် KGတန်းခလေးငယ်(၁)ဦးအား သားမယားပြုကျင့်မှု ဖြစ်ပွား ၆နှစ်အရွယ် KGတန်းခလေးငယ်(၁)ဦးအား သားမယားပြုကျင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.