ယာဉ်တိုက်မူဖြစ်ပွား၍ သံဃာ ၄ ပါး ပျံလွန်တော်မူ၊ ၁၁ ဦး ဒဏ်ရာရ

အဝေးပြေးလမ်းမပေါ်သို့ ဖြတ်ထွက်သောယာဉ် ယာဉ်တိုက်မူဖြစ်ပွား၍ သံဃာ ၄ ပါး ပျံလွန်တော်မူ၊ ၁၁ ဦး ဒဏ်ရာရရှိ၍ တစ်ဖက်မှ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်
ဘီးလင်း ဒီဇင်ဘာ ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခွဲအချိန်ခန့် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမပေါ်သို့ ဖြတ်ထွက်သော ကား နှင့် လမ်းမပေါ်တွင် မောင်းနှင် လာသည့် ယာဉ်တို့ တိုက်မိပြီး သံဃာ ၂ပါး၊ ကိုရင် ၂ပါး ပျံလွန်တော် မူ၍ ကိုရင် ၉ ပါး၊ လူ နူစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည် ။

ယာဉ်တိုက်မူဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်မှူး ရဲတကကရဲထွဋ် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မိုင်တိုင်အမှတ် ၁၃၀/၅ နှင့် ၁၃၀/၆ အကြား ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာ လမ်းသွယ်မှ သထုံမြို့ဘက်သို့ ဦးတည်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်သို့ ဖြတ်ထွက် ချိုးကွေ့မောင်းနှင်သည့် ၉ခ/၇၀၅၃ Toyota Hilux အပြာရောင် ယာဉ်မောင်း ဦးတင်မြိုင် (အသက်- ၄၉နှစ်၊ ကမာစိုင်ကျေးရွာ သထုံမြို့နယ်)နှင့် ယာဉ်ပေါ်ပါ ရဟန်းသံဃာ/ ကိုရင် /လူ စုစုပေါင်း ၁၅ ဦး လိုက်ပါလာသောယာဉ် နှင့် သထုံမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 6E----- Nissan အမျိုးအစား အဖြူရောင် ၆ ဘီး ကုန်တင်ယာဉ် တို့ တိုက်မိကြောင်း သိရပြီး ကုန်တင်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည် ။ ၎င်းဖြစ်ရပ်ကြောင့် ဥူးသာသန၊ ဥူးနန္ဒသာရ ၊ရှင်ဝါဒသာမိ နှင့် ကိုရင်တစ်ပါး ( ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက် ကမာစိုင်ကျေးရွာ)တို့မှာ ဘီးလင်းဆေးရုံသို့ တင်ပို့ကုသစဉ် ပျံလွန်တော်မူပြီး အခြားဒဏ်ရာရရှိသူ ကိုရင် ၉ ပါး နှင့် လူ ၂ ဦးတို့အား ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

သို့ဖြစ်၍ ယာဉ်အား လူသေဆုံး/ထိခိုက်ဒဏ်ရာ ရရှိအောင် လမ်းမကြီးပေါ်သို့ ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့မောင်းနှင်သည့် ယာဉ်မောင်း ဦးတင်မြိုင် အား ဘီးလင်းမြို့မရဲစခန်းမှ အမူဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ)။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ယာဉ်တိုက်မူဖြစ်ပွား၍ သံဃာ ၄ ပါး ပျံလွန်တော်မူ၊ ၁၁ ဦး ဒဏ်ရာရ ယာဉ်တိုက်မူဖြစ်ပွား၍ သံဃာ ၄ ပါး ပျံလွန်တော်မူ၊ ၁၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.