ဘိန်းဖြူ ငွေကျပ်သိန်း ၁၀၀၀ ကျော်ဖိုး အင်းတော်မြို့နယ်အတွင်း ဖမ်းမိ


အင်းတော် ၉ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားလမ်းဆုံနေရာမှ ဘိန်းဖြူ (၁၁၀၀)ဂရမ် ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ကသာမူးယစ်တပ်ဖွဲ့စုသည် သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၄၅/၂) အနီး နဘားလမ်းဆုံနေရာတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်မှ မအေးမြတ်မိုး(ခ)အေးအေး မောင်းနှင်လာသော ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံနောက်တွင် တင်ဆောင်လာသော ပီနံအိတ်အတွင်းမှ ဘိန်းဖြူ(၁၁၀၀)ဂရမ်၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအားစစ်မေးရာ အဆိုပါ ဘိန်းဖြူများကို ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်နေ မမြင့်မြင့်ခိုင်(ခ)မခိုင်ထံ ပို့ခ ငွေကျပ် ၅ သိန်းဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး သယ်ဆောင်သူ မအေးမြတ်မိုး(ခ)အေးအေး ငှက်ကြီးသိုက်ကျေးရွာ၊ ကျွန်းလှမြို့နယ်နေသူအား အင်းတော်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါး ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဘိန်းဖြူ ငွေကျပ်သိန်း ၁၀၀၀ ကျော်ဖိုး အင်းတော်မြို့နယ်အတွင်း ဖမ်းမိ ဘိန်းဖြူ ငွေကျပ်သိန်း ၁၀၀၀ ကျော်ဖိုး အင်းတော်မြို့နယ်အတွင်း ဖမ်းမိ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.