ပြိုင်ကားတစ်စီးမှ အရှိန်လွန်၍ ဆိုင်ကယ်အား တိုက်မိ လူ (၂) ဦး သေဆုံး


မန္တလေး ၉ နိုဝင်ဘာ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၂ နာရီကျော်အချိန်က ပြိုင်ကားတစ်စီး အရှိန်လွန်၍ ဆိုင်ကယ်နှင့် ယာဉ်ထိန်းရဲကင်းအား တိုက်မိခဲ့ရာ ဆိုင်ကယ်စီလာသူ (၂) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည် ။


ဖြစ်စဉ်မှာ ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ သန်းထက်အောင် (၂၆) နှစ် မောင်းနှင်လာသည့် TOYOTA Lexus ပြိုင်ကားအနီရောင်သည် အရှိန်မထိန်းနိုင်ပဲ မီးပွိုင့်တွင် ရပ်စောင့်နေသည့် ဆိုင်ကယ်အားတိုက်၍ ချိတ်ပါခဲ့ကာ ယာဉ်ထိန်းရဲကင်း အဆောက်အဦးအား ထပ်မံတိုက်ခဲ့သည် ။

" ခုတော့ ပြိုင်ကားမောင်းတဲ့သူကို ဖမ်းဆီးအရေးယူထားတယ် ။ သူ့ကို မဆင်မခြင်မောင်းနှင်မှုနဲ့ လူသေမှုမှု ဆိုပြီး အမှုဖွင့်ထားတယ် " ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည် ။

တိုက်ခံရသည့် ဆိုင်ကယ်ပေါ်တွင်ပါသည့် လွင်မင်းသန့် (၂၃) နှစ် နှင့် ကျော်ဇင်သက် (၂၆) နှစ် တို့သည့်လည်း ကားနှင့် ချိတ်ပါခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ခဲ့ပေမယ့် ၄င်းတို့ (၂) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ TOYOTA Lexus ပြိုင်ကားအား မောင်းနှင်သည့် သန်းထက်အောင် အား ယာဉ်မဆင်မခြင်မောင်းနှင်မှု ၊ လူသေစေမှု တို့ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည် ။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပြိုင်ကားတစ်စီးမှ အရှိန်လွန်၍ ဆိုင်ကယ်အား တိုက်မိ လူ (၂) ဦး သေဆုံး ပြိုင်ကားတစ်စီးမှ အရှိန်လွန်၍ ဆိုင်ကယ်အား တိုက်မိ လူ (၂) ဦး သေဆုံး Reviewed by THITHTOOLWIN on 10:51 Rating: 5
Powered by Blogger.