မန္တလေး ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို အတင်းအကြပ်ဖယ်ရှား


မန္တလေးမြို့၊ ကမ်းနားလမ်း ပေါ်တော်မူဘုရားအနီးက တောင်သူတွေနဲ့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)တို့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နေရာမှာ နေထိုင်သူတွေကို ရေကြောင်းရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ အင်အားသုံး ၀င်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် အဲဒီမှာ ၀င်ရောက်နေထိုင်စိုက်ပျိုးနေတဲ့ တောင်သူ မိသားစု ၆ ဦးကို အချုပ်ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဲဒီနေရာဟာ ၂၀၁၆ ခုနှစ်လောက်ကစပြီး မြေယာအငြင်းပွားမှု ရှိနေခဲ့တာဖြစ်ပြီး ပါဝင်ကူညီခဲ့တဲ့သူတွေကို ပုဒ်မ ၄၄၇ ပိုင်နက်ကျုးလွန်မှုနဲ့ ရေကြောင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပေမယ့် သက်သေခိုင်လုံမှု မရှိတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ တရားရုံးက တရားရှင်လွှတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်ရှင်းလင်းတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တောင်သူမိသားစုက သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မန္တလေး ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို အတင်းအကြပ်ဖယ်ရှား  မန္တလေး ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို အတင်းအကြပ်ဖယ်ရှား Reviewed by THITHTOOLWIN on 11:20 Rating: 5
Powered by Blogger.