ရန်ကုန်-စစ်တွေကားလမ်းမတွင် ကားမီးလောင်မှုဖြစ်ပွား


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ လေသွန်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမကြီးမှာ နိုဝင်ဘာ(၂၆)ရက် ည(၁၁)နာရီခွဲ အချိန်က လိုက်ထရက်ကား(၁)စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားမီးလောင်တာကို အနီးနားက ကျေးရွာသားတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၁၂) နာရီကျော်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကားခေါင်းခန်းက ဝါယာလျှော့ဖြစ်ပြီး မီးစတင်လောင်းကျွမ်းခဲ့တာလို့ ကမ်းထောင့်ကြီးနယ်မြေ မီးသတ်စခန်းက လက်ထောက် မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ပြောပါတယ်။ အဲဒီမီးလောင်ကျွမ်းတာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘဲ ကျပ်သိန်းသုံးဆယ်ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ကားပိုင်ရှင်ကိုစုံစမ်းနေပြီး ကမ်းထောင့်ကြီးနယ်မြေရဲစခန်းက (ပ)၆၂/၂၀၁၈ ပုဒ်မ၂၈၅/၂၇၉ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း- ကျော်လွင်
One News Myanmar
https://www.facebook.com/onenewsmyan
ရန်ကုန်-စစ်တွေကားလမ်းမတွင် ကားမီးလောင်မှုဖြစ်ပွား ရန်ကုန်-စစ်တွေကားလမ်းမတွင် ကားမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.