အလုံမြို့နယ် G&G စတိုးအတွင်း ၀င်ရောက် လုယူသူများအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် ၊ ဌာနလမ်းထိပ်ရှိ G&G စတိုးဆိုင်အတွင်း ၀င်ရောက်ကာ ခြိမ်းခြောက် ပြောဆိုပြီ၊ ပစ္စည်းနှင့်ငွေ လုယက်ယူဆောင်သွားသူများကို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ယနေ့ သတင်းထုတ်ပြန်ပါသည်။

အလုံမြို့နယ် ၊ ဌာနလမ်းထိပ်တွင် G&G စတိုးဆိုင်အား ဖွင့်လှစ်ရောင်းချနေစဉ် ၂၄.၁၁.၂၀၁၈ ရက်နေ့ ၀၁း၂၀ အချိန်ခန့် က လူငယ်သုံးဦးခန့် ဆိုင်အတွင်းသို့ ၀င်လာပြီး အရောင်းဝန်ထမ်းအား ထိုးကြိတ်မည်ပြောဆိုကာ အင်္ကျီအိတ်ကတ်အတွင်း ထည့်ထားသော Vivo ဖုန်းအား ဆွဲယူပြီး အံဆွဲအတွင်းမှ ဈေးရောင်းရငွေ ၃၈၀၀၀ ကျပ်အား ယူဆောင်ထွက်ပြေးသွားသဖြင့် အရောင်းဝန်ထမ်းမှ အလုံမြို့မရဲစခန်း (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် တိုင်တန်း၍ အမှုရေးဖွင့်ခဲ့ပါသည်။

 ၂၅.၁၁.၂၀၁၈ ရက်နေ့ ၂၀၄၅ အချိန်တွင် အလုံမြို့နယ်၊ စောရန်နိုင် အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲစတိတ်ရှိုးပွဲပြုလုပ်သည့်နေရာ၌ လုယက်မှုတွင် ပါဝင်သည့် လသာမြို့နယ်၊ (၇)ရပ်ကွက်နေ စိုင်းအောင်ကောင်မြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ)မိချောင်း (၁၇) နှစ် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
အလုံမြို့နယ် G&G စတိုးအတွင်း ၀င်ရောက် လုယူသူများအား ဖမ်းဆီးရမိ အလုံမြို့နယ် G&G စတိုးအတွင်း ၀င်ရောက် လုယူသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:20 Rating: 5
Powered by Blogger.