မြိုင်မြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား


မြိုင် နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်တွင် နိုဝင်ဘာ၂၇ရက် ည ၁၃း၁၅ နာရီအချိန်ကပေါက်မြို့နယ် လယ်အိုရေနံမှော်မှ မုံရွာမြို့သို့ ပို့ဆောင်ရန်မောင်းနှင်လာသည့် (၁၈)ဘီးမော်တော်ယာဉ်သည် ဂန့်ဂေါ-မြိုင်- ပခုက္ကူလမ်း(အာဆီယံလမ်း)မိုင်တိုင်အမှတ် ဝ/၃ အနီးတွင် ရှေ့ဘီးတာယာ ရုတ်တရက်အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး နှင့်တပ်ဖွဲ့ဝင်များရောက်ရှိပြီး ဝိုင်းဝန်းမီးငြိမ်း သတ်ရာ ၀၃း၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။


၎င်းဖြစ်စဉ်တွင်နောက်ဆက်တွဲယာဉ်အားစတင်လောင်ကျွမ်းစဉ် ကဖြုတ်ချပြီး ရှေ့ဆွဲခေါင်းယာဉ် အားဖယ်ရှာထားသည့်အတွက် နောက်တွဲယာဉ်ဘီးတာယာများနှင့်တွဲအောက်ပိုင်းအစိတ်ပိုင်းများ လောင်ကျွမ်းကာ ကာလတန်ဖိုး (၂၅၀၀၀၀-)ဆုံးရှုံးပျက်စီး ခဲ့ကြောင်းနှင့် ယာဉ်မောင်းအား ဥပဒေနှင့်အညီအမှုဖွင့် အရေးယူသွားရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖြိုးမွန်ကျော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မြိုင်မြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား မြိုင်မြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.