မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်ဖို့ ခက်ခဲ

နေပြည်တော် M Gallery ဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ ဒေသတွင်း ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် ညီလာခံမှာ ဗိုလ်ချုပ် အောင်သူ ကို တွေ့ရစဉ်
မူးယစ်ဆေးဝါးထုပ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို နယ်စပ်ဒေသတွေက ၀င်ရောက်လာတာတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူက ပြောပါတယ်။

နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ ဒေသတွင်း ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့် ညီလာခံ အဖွင့်အခမ်းအနားမှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ တိုးမြင့်လာအောင် အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ လိုအပ်ကြောင်း၊ ဒီမူးယစ်ဆေး ၀ါးတွေဟာ မိမိတို့ ဒေသက အများအပြားထွက်တာ မှန်ပေမယ့်လို့ ဒီမူးယစ်ဆေးဝါးထုတ်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကတော့ မိမိတို့နိုင်ငံက ထွက်ရှိတာ မဟုတ်ကြောင်းလည်း ဗိုလ်ချုပ် အောင်သူက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ၀င်ပေါက်တွေကို အပြည့်အ၀ထိန်းချုပ်ဖို့ ခက်ခဲနေတာဟာ မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးမှာ စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့လည်း ဒုတိယ ၀န်ကြီးက ပြောပါတယ်။

ဒါပေမဲ့ နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအားနည်းတဲ့ ဝေးလံတဲ့နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို စုံစမ်းသတင်းရယူပြီး တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဘိန်းချက်စခန်းတွေကို ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။

သုံးရက်တာ ကျင်းပမယ့် အဲဒီအခမ်းအနားကို မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေ၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီ လန်နိုင်ငံနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC က အရာရှိတွေ တက်ရောက်ခဲ့ပြီး ဓာတုပစ္စည်းများ ထိန်းချုပ်ရေး နိုင်ငံတကာသဘောတူညီချက်တရပ် ထုတ်ပြန်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို တရုတ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်တွေကနေ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ အများဆုံးဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်ဖို့ ခက်ခဲ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်ဖို့ ခက်ခဲ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.