ဆိုင်ကယ်သော့တောင်းရာမှ ညီအစ်ကိုချင်းစကားများပြီး လူသတ်မှုဖြစ်ပွား

ဆိုင်ကယ်သော့တောင်းရာမှ ညီအစ်ကိုချင်းစကားများပြီး လူသတ်မှုဖြစ်ပွား
မုနိမြီ ၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းအပိုင်၌ အစ်ကိုရင်းဖြစ်သူ စိုင်းလင်းအောင်မှ ညီဖြစ်သူ ဇင်ကိုအား စကားများရာ၍ ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားကြောင်း ထားဝယ် မြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရပါသည်။

"၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန် ထားဝယ်မြို့နယ်၊ဟိန္ဒူချောင်းကျေးရွာ မျိုးဇော်အောင်၏ ရာဘာခြံရှိ အလုပ်သမားတဲတွင် 'ဇင်ကို'ထံ ညီအရင်းဖြစ်သူ ရေကြည်မြို့၊ အညာကန်ကျေးရွာနေ စိုင်းလင်းအောင် အသက်(၂၀)နှစ်မှ ဆိုင်ကယ်သော့ တောင်းသည်ကို မပေးသဖြင့် စကားများကြစဉ် စိုင်းလင်းအောင်မှ အရိုးအသွား(၁၄)လက်မခန့်ရှိ ဓားဖြင့်ထိုး သောကြောင့် ဇင်ကို တွင် ဒဏ်ရာများရရှိ ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းသည်"ဟု စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ စိုင်းလင်းအောင် အား မေတ္တာနယ်မြေရဲစခန်းမှ(ပ)၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သုတ(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
ဆိုင်ကယ်သော့တောင်းရာမှ ညီအစ်ကိုချင်းစကားများပြီး လူသတ်မှုဖြစ်ပွား ဆိုင်ကယ်သော့တောင်းရာမှ ညီအစ်ကိုချင်းစကားများပြီး လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.