ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ကာတာနိုင်ငံကူညီမည်

စစ်တွေမြို့၊ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်များကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကူညီဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ နေထိုင်နေသူတွေကို ကူညီဖို့အတွက် ကာတာနိုင်ငံအစိုးရရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့နဲ့ ကာတာလခြမ်းနီအသင်းတို့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဒီသဘောတူညီချက်အရ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်တော်မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာနေထိုင်နေရသူတွေအတွက် နေအိမ်၊ အစားအစာ၊ သောက်သုံးရေနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ အတွက် ဒေါ်လာ ၅ သိန်း သုံးစွဲမယ်လို့ သိရပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါလောင်ခါလီ ဒုက္ခသည် စခန်းမှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ချုပ်ရဲ့ ဆေးရုံကို ပိုမိုကောင်းမွန်အောင် ဆောက်လုပ်ပြီး ဒုက္ခသည် ၈ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

အဲဒီ ဆေးရုံက လက်ရှိ ဒေသခံ ဆေးဝန်ထမ်းတွေနေရာမှာ နိုင်ငံတကာဆေးပညာရှင်တွေ အစားထိုးတာဝန်ယူမှာ ဖြစ်တယ်လို့ ကာတာနိုင်ငံမြို့တော် ဒိုဟာက လာတဲ့သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ကာတာနိုင်ငံကူညီမည် ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ကာတာနိုင်ငံကူညီမည် Reviewed by THITHTOOLWIN on 05:25 Rating: 5
Powered by Blogger.