အိန္ဒိယရေတပ်ပိုင် နျူကလီယားစွမ်းအင်သုံး INS Chakra ရေငုတ်သင်္ဘော။ |
ဒီအစီအစဉ်အရ ကမ်းရိုးတန်းဒေသ ထောက်လှမ်းရေးရေဒါ (Costle Surveillance Radars – CSR) တွေကို မြန်မာနဲ့ထိုင်းနိုင်ငံ ကမ်းရိုးတန်းတွေမှာ တပ်ဆင်မှာဖြစ်ပါတယ်။ လက်ရှိမှာ အလားတူရေဒါတွေကို မော်လဒိုက် နိုင်ငံမှာ တပ်ဆင်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ထောက်ပို့ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ ပြင်သစ်၊ စင်္ကာပူနဲ့ သြစတြေးလျနိုင်ငံတွေနဲ့ သဘောတူညီချက် ရယူထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယရေတပ်နဲ့ ဂျပန်ရေကြောင်းကာကွယ်ရေးအဖွဲ့ (JMSDF) အကြား ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူစာချုပ်တခုကို ပြီးခဲ့တဲ့အပတ်အတွင်း ဂျပန်နိုင်ငံကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သွားရောက်စဉ်က ချုပ်ဆိုခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
အိန္ဒိယရေတပ် ထောက်လှမ်းရေးတိုးချဲ့
Reviewed by THITHTOOLWIN
on
05:23
Rating: