မြောင်းမြမြို့၌ အခေါက်ရွှေ တစ်ပိဿာငါးဆယ်ကျပ်သားနှင့် ငွေသားအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁၉ဝဝ ကျော်ခန့် ဖောက်ထွင်းခိုးယူခံရ


မြောင်းမြ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ် ၈ ရပ်ကွက်ရှိ နေအိမ်တွင် အိမ်ရှင် များခရီးသွားခိုက် အိမ်အတွင်း မီးခံ သေတ္တာထဲမှ ရွှေစင်တစ်ပိဿာ ငါးဆယ်$ ကျပ်သားအပါအဝင် ရွှေထည်များ၊ ငွေသားများ ဖောက်ထွင်းခိုးယူခံရ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့ အမှတ် ၈ ရပ်ကွက် မြဂုဏ်ရည်လမ်းနှင့် ဗောဓိပင် လမ်းထောင့် အိမ်အမှတ်(၁)နေ ဦးသန်း အေး ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူသည် နိုဝင်ဘာ ၉ ရက်က မိသားစု နှင့်အတူ ရန်ကုန်မြို့သို့ ဆေးကုရန် သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က မြောင်းမြမြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မီးခံ သေတ္တာထဲတွင် အခေါက်ရွှေ ၁ဝ$ ကျပ် သားရှိ လေးထောင့်ပုံ အကယ်ဒမီရွှေတုံး ၁၅ တုံး၊ အလေးချိန် တစ်ပိဿာ ငါးဆယ်$ ကျပ်သားအပါအဝင် ရွှေထည်ပစ္စည်း မျိုးစုံ ၅၉ မျိုး၊ အလေးချိန် ၃၅ ကျပ်သား၊ တစ်ထောင်$တန် $တစ်သိန်း ထုပ် ၂၄ ထုပ် စုစုပေါင်းတန်ဖိုး $ငွေကျပ် ၁၉ဝ၆ သိန်း ကျော်ခန့် ပျောက်ဆုံးနေမှုကို စုံစမ်းဖော် ထုတ် အရေးယူပေးပါရန် တိုင်တန်းထား ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြရဲစခန်းက ပြစ်မှုကျူးလွန်သူ နှင့် သက်သေခံပစ္စည်းများ အမြန်ဖော် ထုတ်ရရှိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိသည်။

 အောင်မင်း (မြောင်းမြ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြောင်းမြမြို့၌ အခေါက်ရွှေ တစ်ပိဿာငါးဆယ်ကျပ်သားနှင့် ငွေသားအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁၉ဝဝ ကျော်ခန့် ဖောက်ထွင်းခိုးယူခံရ မြောင်းမြမြို့၌ အခေါက်ရွှေ တစ်ပိဿာငါးဆယ်ကျပ်သားနှင့် ငွေသားအပါအဝင်  စုစုပေါင်းငွေကျပ် သိန်း ၁၉ဝဝ ကျော်ခန့် ဖောက်ထွင်းခိုးယူခံရ Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.