ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေ ၁၉ သိန်း ခိုးယူခဲ့သူအား အမှုကွင်းဆက်ဖော်ထုတ်စစ်ဆေးရာမှ သိန်း ၁၀၀ ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူဌာစုမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၇ ရက်က သက်သေများနှင့်အတူ အမှတ်(၁)နယ်မြေရဲစခန်း(ပ)၆၉၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အမှု(၁၉လမ်းတွင် ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေ ၁၉ သိန်း ခိုးမှု)မှ တရားခံ စောမင်းဦးအား သက်သေများရှေ့ စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၃)လခန့်က လမ်း ၃၀x၈၅ လမ်းရှိ နိုင်ငံခြားငွေလဲလှယ်သောဘဏ်မှ ထွက်လာသော အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်တူးဘောက်အတွင်းငွေများ ထည့်လိုက်သည်ကိုမြင်တွေ့၍ ဈေးဆင်းဝယ်နေစဉ် တူးဘောက်အတွင်းမှ ငွေကျပ် သိန်း (၁၀၀) အား နှိုက်ယူရရှိခဲ့ကြောင်းနှင့် ကျပ်သိန်း (၁၀၀)အနက် ရရှိငွေဖြင့် ပြိုင်ကားတစ်စီး ၀ယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံမြို့မရဲစခန်းသို့ ဆက်သွယ်စုံစမ်းခဲ့ရာ ၂၄-၈-၂၀၁၈ ရက်နေ့တွင် အောင်မြေသာစံမြို့မရဲစခန်း (ပ) ၇၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 တရားခံ စောမင်းဦးနှင့် ဆိုင်ကယ်တူးဘောက်အတွင်းမှနှိုက်ယူပြီး ရရှိသောငွေဖြင့် ၀ယ်ယူ စီးနင်းအသုံးပြုနေသော မော်တော်ယာဉ်ဖြစ်သည့် YGN 9D/××××၊ NISSAN FAIR LADY Z33, ST Version (ပြိုင်ကား-ခဲရောင်)ယာဉ်တို့အား အောင်မြေသာစံမြို့မရဲစခန်းသို့ အမှုဖြင့်ဆက်လက်ဆောင်ရွက် နိုင်ရေး လွှဲပြောင်းထားရှိကြောင်း သတင်းရရှိသည်။

MDY Police
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေ ၁၉ သိန်း ခိုးယူခဲ့သူအား အမှုကွင်းဆက်ဖော်ထုတ်စစ်ဆေးရာမှ သိန်း ၁၀၀ ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက် ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေ ၁၉ သိန်း ခိုးယူခဲ့သူအား အမှုကွင်းဆက်ဖော်ထုတ်စစ်ဆေးရာမှ သိန်း ၁၀၀ ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက် Reviewed by THITHTOOLWIN on 12:10 Rating: 5
Powered by Blogger.