ပုဇွန်တောင်မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန် နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ၄၉ လမ်း၌ ဆိုင်ကယ် ဖြင့် ရွှေဆွဲကြိုးလုယက်ထွက်ပြေးသူကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ဝ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပုဇွန်တောင်မြို့နယ်နေ ဒေါ်------သည် သမီးဖြစ်သူနှင့်အတူ ရေကျော်ဈေးသွားရန် ၄၉ လမ်းအတိုင်း လမ်းလျှောက်လာစဉ် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဆိုင်ကယ် မောင်းနှင်လာ သော အမျိုးသားတစ်ဦးက ဒေါ်------၏လည်ပင်းတွင် ဝတ်ဆင် ထားသော အလေးချိန် ၁ ကျပ်ခွဲသားခန့် ရွှေဆွဲကြိုးအား လုယက်ထွက်ပြေးသွားသဖြင့် ပုဇွန်တောင်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သည်။

ပြစ်မှုကျူးလွန်သူအား စုံစမ်းရာ ဒဂုံဆိပ်ကမ်းမြို့နယ် (၁၆၈) ရပ်ကွက်နေသူ ကိုကိုဦး(ခ)ကိုဦးဖြစ်ကြောင်း သိရှိရ၍ ခေါ်ယူစစ်ဆေးရာ ¤င်းက ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ထပ်မံစစ်ဆေးချက်များအရ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်များ တွင် ကျူးလွန်ခဲ့သော လုယက်မှု ၁၅ မှု ဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုဇွန်တောင်မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ ပုဇွန်တောင်မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:08 Rating: 5
Powered by Blogger.