ဆန္ဒပြဖို့လာတဲ့ ပန်ဒါ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ တားမြစ်ခံရ


 ပုလိပ်မြို့ ပန်ဒါ ချည်မျှင်နဲ့အထည်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၀၀ကျော်ဟာ အလုပ်ပြန်လည်ခန့်ထားပေးရေးအတွက် မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်ပြီး တောင်းဆိုဖို့ ဒီနေ့ ပုလိပ်မြို့က အထွက်မှာပဲ တားမြစ်ခံနေရတယ်လို့ သိရပါတယ်။


အလုပ်ထုတ်ခံ အလုပ်သမားတွေ လာရောက်တောင်းဆိုမယ်ဆိုတဲ့ သတင်းတွေကြောင့် တိုင်းအစိုးရရုံး ပတ်လည်မှာ သံဆူးကြိုးတွေနဲ့ ရဲတပ်ဖွဲ့လုံခြုံရေးတွေလည်း ချထားပါတယ်။

ပန်ဒါ ချည်မျှင်နဲ့အထည်စက်ရုံက အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုရာမှာ အဆင်ပြေမှုမရှိခဲ့တဲ့အတွက် အလုပ်ရှင် အလုပ်သမားကြား ပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဆန္ဒပြဖို့လာတဲ့ ပန်ဒါ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ တားမြစ်ခံရ ဆန္ဒပြဖို့လာတဲ့ ပန်ဒါ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ တားမြစ်ခံရ Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.