ရခိုင်အရေးမှာ အမှားလုပ်ထားတာ မရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင် ပြော

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မိုးကုတ်မြို့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်
ရခိုင်အရေးနဲ့ပတ်သက်ပြီး NLD အစိုးရ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အမှားလုပ် ထားတာ မရှိကြောင်း NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ မိုးကုတ်မြို့မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။

ဒါ့အပြင် NLD အစိုးရဟာ နှစ်ပေါင်းများစွာ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ အခုလို စီမံခန့်ခွဲနိုင်တဲ့နေရာကို ရလာတယ် ဆိုတာကို အခုချိန်မှာ မြန်အာစိုးရကို ဖိအားမျိုးစုံပေးနေတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက မေ့နေတယ်လို့လည်း ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာက ဖိအားပေးနေတာတွေနဲ့ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း နိုင်ငံတကာ သံတမန်တွေကိုလည်း ခေါ်ယူရှင်းလင်းမှုတွေ လုပ်နေကြောင်း၊ ယနေ့ခေတ်အချိန်ဟာ သက်သေအထောက် အထားပြမှ လက်ခံရတာဖြစ်ကြောင်း၊ အစိုးရအမှားလုပ်ထားတာ သက်သေအထောက်အထား ပြစရာမရှိကြောင်း၊ နှုတ်နဲ့ အလွယ်တကူ စွပ်စွဲနေကြတာဖြစ်ကြောင်းလည်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ ပါတယ်။

အခုလို အခြေအနေမျိုးမှာ နိုင်ငံကိုမဖွံ့ဖြိုးစေချင်သူတွေနဲ့ ဖိနှိပ်နေသူတွေရှိပေမယ့် ပြည်သူတွေရဲ့ အင်အားနဲ့ ကျော်လွှားသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုတဲ့ပါတီဖြစ်ပြီး ဗမာတွေ လွှမ်းမိုးတဲ့ပါတီမဟုတ်ကြောင်းကိုလည်း ဒီနေ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင်အရေးမှာ အမှားလုပ်ထားတာ မရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင် ပြော ရခိုင်အရေးမှာ အမှားလုပ်ထားတာ မရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင် ပြော Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.