ဘားအံမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦနှင့် လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီးမှုဖြစ်ပွား


ဘားအံ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က လေပြင်းများတိုက်ခတ်၍ လူနေအိမ် ၅၁ လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ လျှပ်စစ်မီးတိုင် (၄)တိုင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးနှင့် ဌာနဆိုင်ရာရုံး နှစ်ရုံးတို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်၍ ဘားအံမြို့ပေါ်ရှိ အမှတ်(၁၊၂၊၃၊၅)ရပ်ကွက်များ၊ လှာကာကျေးရွာအုပ်စုနှင့် တကောင်ဘိုး ကျေးရွာအုပ်စုတို့တွင် အဆောက်အဦနှင့် သစ်ပင်များကျိုးကျပျက်စီးမှုကြောင့် လူနေအိမ်စုစုပေါင်း(၅၁)လုံး၊ အမိုးနှင့် ထုပ်တန်းများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ဘားပုတိုက်ကျောင်း၊ မြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကြားတောရ ဘုန်းတော်ကြီး ကျောင်းတို့ရှိ သိမ်၊ ဓမ္မာရုံ၊ တစ်ပါးကျောင်းတို့ သွပ်မိုးလန်၍ ထုပ်တန်းများကျိုးခဲ့ရကာ အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး စုစုပေါင်း ၆၂၉၀၀၀၀ိ/-ကျပ် (ခြောက်ဆယ့်နှစ်သိန်းကိုးသောင်းကျပ်) ခန့် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏စာရင်းများအရ သိရသည်။


လေပြင်းတိုက်ခတ်၍ ထိုခိုက်ပျက်စီးမှုများအား ကရင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေး ၀န်ကြီး ဦးသန်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ ၀ိုင်းဝန်းရှင်းလင်းဆောင် ရွက်ပြီးဖြစ်ကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



စောမျိုးမင်းသိန်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘားအံမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦနှင့် လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီးမှုဖြစ်ပွား ဘားအံမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦနှင့် လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.