ဒုက္ခသည်တစ်ဦးမှ ဘင်္ဂလာဒေ့ရှ် ၁၀ တန်းကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲရာမှ ဒေသခံများအကြား မကျေနပ်မှုတိုးပွား


နိရဉ္စရာ၊ အောက်တိုဘာ ၆

မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည့် အိုကီးယားမြို့နယ်၊ ဖလောင်ခါလီအုပ်စု၊ ဘာလုခါလီရွာမှ ၁၀ တန်းတက်နေသည့် ကျောင်းသူ တစ်ဦးကို ဘင်္ဂလီ ဒုက္ခသည် တစ်ဦးမှ ပြန်ပေးဆွဲသွားသဖြင့် မကျေနပ်မှု တိုးပွားနေကြောင်း အိုကီးယားနယူး ( Ukhiyanews) တွင် သတင်းဖော်ပြထားသည်။

ပြန်ပေးဆွဲခံရသည့် အမျိုးသမီးမှာ နုရ်အစ္စလာမ်၏ သမီး အင်ဇူမာ (၁၆) နှစ်ဖြစ်ပြီး ၁၀ တန်း အစမ်းစာမေးပွဲ ဖြေဆိုရန် အောက်တိုဘာ ၅ ရက်နေ့က ကျောင်းသို့သွားစဉ် သူမအား သုံးဘီးတစ်စီးဖြင့် ပြန်ပေးဆွဲ ခေါ်ယူသွားသည်ဟု သတင်းတွင် ဖော်ပြသည်။

ပြန်ပေးဆွဲသွားသူမှာ ကူတို့ပါလောင် ဒုက္ခသည်စခန်း Block E၊ အဆောင်(၃၅)၊ အခန်း(၁) မှ အဒူဆာလောင်သား ရိုင်ဟင် (ခ) ရာဆတ် (၂၁) နှစ်ဖြစ်ကြောင်း၊ ရဲက အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သတင်းတွင် ရေးသားထားသည်။

ထိုကဲ့သို့ ပြန်ပေးဆွဲခံရပြီးနောက် အမျိုးသမီး၏ ဖခင် ဖြစ်သူမှ ဒုက္ခသည် စခန်းရှိ UN ရုံးကိုတိုင်ကြားခဲ့ကြောင်း၊ ယူအန်ရုံးမှ အိုကီးယားရဲစခန်းကို တိုင်ကြားခဲ့ကြောင်း၊ ယခုအချိန်ထိ ရှာဖွေမတွေ့သေးကြောင်း၊ ယခုလုပ်ရပ်ပေါ် ဒေသခံ ပြည်သူများအကြား မကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/pg/Narinjara
ဒုက္ခသည်တစ်ဦးမှ ဘင်္ဂလာဒေ့ရှ် ၁၀ တန်းကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲရာမှ ဒေသခံများအကြား မကျေနပ်မှုတိုးပွား ဒုက္ခသည်တစ်ဦးမှ ဘင်္ဂလာဒေ့ရှ် ၁၀ တန်းကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲရာမှ ဒေသခံများအကြား မကျေနပ်မှုတိုးပွား Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.