တရုတ်ပစ္စည်းအပေါ် ကန်စစ်တပ် မှီခိုမှု များပြားလွန်း

(ထိုင်ဝမ်က United Microelectronics Corp (UMC) စက်ရုံအတွင်း ကွန်ပြူတာ မိုက်ခရိုမီတာ စမ်းသပ်နေသူတစ်ဦးကို ၂ဝဝ၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်)
အမေရိကန် တပ်မတော်ဟာ တရုတ်ပြည်နဲ့ တခြားနိုင်ငံတချို့က တင်ပို့ရောင်းချတဲ့ ပစ္စည်းတွေ အပေါ်မှာ မှီခိုမှုများပြားလွန်းနေတာကို လေ့လာတွေ့ရှိရကြောင်း သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။

အဲဒီ အစီရင်ခံစာမှာ အခုလို တခြားတိုင်းပြည်တွေအပေါ် အလွန်အမင်း မှီခိုနေရတာဟာ နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့အတွက် ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ထောက်ခံတင်ပြထားပါတယ်။

အမေရိကန် စစ်တပ်က ဒုံးပျံတွေနဲ့ လက်နက်ခဲယမ်းတွေမှာ အသုံးပြုတဲ့ ရှားပါး ဓါတုပစ္စည်းတချို့ကို လက်ရှိမှာ တရုတ်ပြည်တစ်ခုတည်းထံက ဝယ်ယူရရှိနေတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ စာမျက်နှာ ၁၄၆ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ နယူးယောက်မြို့ အခြေစိုက် Bloomberg သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်မှာ တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စုကို တင်ပို့တဲ့ ကွန်ပြူတာတွေမှာ တရုတ်စစ်တပ်က လျှို့ဝှက်ထည့်သွင်းပေးလိုက်တဲ့ မှတ်ဥာဏ်သိုမှီးရာ chip အပြားလေးတွေကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါဟာ အမေရိကန်ပြည်ထောင်စုနဲ့ စက်မှုနည်းပညာ လျှို့ဝှက်ချက်တွေကို ထောက်လှမ်းခိုးယူမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်ပစ္စည်းအပေါ် ကန်စစ်တပ် မှီခိုမှု များပြားလွန်း တရုတ်ပစ္စည်းအပေါ် ကန်စစ်တပ် မှီခိုမှု များပြားလွန်း Reviewed by THITHTOOLWIN on 11:30 Rating: 5
Powered by Blogger.