နတ်မြစ်တွင် ဒုက္ခသည်စခန်းမှ လူငယ်နှစ်ဦးအလောင်းတွေ့


နိရဉ္စရာ၊ အောက်တိုဘာ ၆

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်း နတ်မြစ်အတွင်း ဒုက္ခသည်စခန်းမှ လူငယ် ၂ ဦး၏ အလောင်းကို အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ရဲက ရှာဖွေတွေ့ရှိခဲ့သည်ဟု Daily Cox’sbazar တွင် သတင်းဖော်ပြသည်။

တွေ့ရှိသူ နှစ်ဦး၏ အလောင်းမှာ အိုးကီးယားမြို့နယ် မောင့်ခါလီ ဘာဂါရတာမှ ချော်ရဒါအာဆာ (၁၆) နှစ်(ဘ) အဒူဟော့နှင့် ဆွေယော့ဒူ အစ္စလာမ် (၁၅) နှစ်(ဘ) အဒူဆလင်တို့ ဖြစ်ကြောင်း၊ ၎င်းတို့မှာ ယခု ရောက်လာကြသူများ မဟုတ်ဘဲ ယခင်ကပင် မြန်မာနိုင်ငံဘက်က ရောက်နေသည့် ဒုက္ခသည်များ ဖြစ်ကြောင်း သတင်းဖော်ပြသည်။

၎င်းတို့နှစ်ဦးကို မျက်နာကို အ၀တ်ဖြင့်ချုပ်ပြီး သွေးများပေကျံကာ တက်ကနက်ဘုတ်ဆိပ် မြောက်ဘက် ဇာလီယာကျွန်းအနီး နတ်မြစ်ထဲမှ ဘင်္ဂလာရဲက ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦး၏ အလောင်းကို စစ်ဆေးရန် ကော့စ်ဘဇားဆေးရုံသို့ ပို့လိုက်သည်ဟု သတင်းတွင် ရေးသားထားသည်။

Narinjara
https://www.facebook.com/pg/Narinjara
နတ်မြစ်တွင် ဒုက္ခသည်စခန်းမှ လူငယ်နှစ်ဦးအလောင်းတွေ့ နတ်မြစ်တွင် ဒုက္ခသည်စခန်းမှ လူငယ်နှစ်ဦးအလောင်းတွေ့ Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.