ကုန်းအဆင်း ဂျမ်းတုံးခု၍ ဒိုင်နမိုလဲလှယ်စဉ် လူတစ်ဦး ကားကြိတ်ခံရ သေဆုံး



မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင် ဆောမြို့နယ်၊ သုံးလပြည့်ကျေးရွာအနီးတွင် အောက်တိုဘာ(၂၁)ရက်နေ့က လူတစ်ဦး ကားကြိတ်ခံရ သေဆုံးခဲ့ကြောင်း ဆောမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၂၁)ရက် နံနက်(၇)နာရီခွဲ က သုံးလပြည့်ကျေးရွာအနီးတွင် လူတစ်ဦးကားကြိတ်ခံရ သေဆုံးနေကြောင်းသတင်းအရ ဆောမြို့မရဲစခန်းမှ ဒုရဲအုပ် ဝင်းဦး သွားရောက်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

ထွန်းထွန်းအောင်(ခ)တင်ထွန်းအောင်၊၃၁နှစ်၊ရေလယ်ကျွန်းကျေးရွာ၊ ဆိပ်ဖြူမြို့နယ်နေသူသည် အိမ်နီးချင်း ကိုကိုလင်းမောင်(ခ) သံချောင်း၊၁၇နှစ်အား အဖော်ခေါ်လာပြီး 4B/-------ISUZU (၁၀)ဘီးအပြာရောင်ယာဉ်ပေါ်တွင် ဘိလပ်မြေ(၄၅၀)အိတ်အား တင်ဆောင်၍ ဆိပ်ဖြူ-ဆောကားလမ်းအတိုင်း ဆိပ်ဖြူမြို့ မှ ဆောမြို့နယ်၊ ကပစ(၂၅)သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၅၀/၀ နှင့် ၅၀/၁ အကြား သုံးလပြည့်ကျေးရွာအနီး ကုန်းအဆင်းတွင် ကားအားရပ်တန့်ပြီး ဂျမ်းတုံးခု၍ ဒိုင်နမိုလဲလှယ်နေစဉ် ဘိလပ်မြေအလေးချိန်ကြောင့် ယာဉ်မှာ ဂျမ်းတုံးကျော်ကာ အရှေ့သို့လိမ့်ဆင်းသွားသဖြင့် ယာဉ်မောင်း ထွန်းထွန်းအောင် (ခ)တင်ထွန်းအောင် မှ ကားအားရပ်တန့်ရန် ကားခေါင်းခန်း တံခါး နှင့် ခြေနင်းခုံတွင် တွယ်လိုက် သွားစဉ် ခြေချော်ပြုတ်ကျပြီး ကားယာဘက် နောက်ဘီးနှင့်ကြိတ်မိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်မောင်း ထွန်းထွန်းအောင်(ခ) တင်ထွန်းအောင် အား ဆောမြို့နယ်၊မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကုန်းအဆင်း ဂျမ်းတုံးခု၍ ဒိုင်နမိုလဲလှယ်စဉ် လူတစ်ဦး ကားကြိတ်ခံရ သေဆုံး ကုန်းအဆင်း ဂျမ်းတုံးခု၍ ဒိုင်နမိုလဲလှယ်စဉ် လူတစ်ဦး ကားကြိတ်ခံရ သေဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.