ကောလင်းမြို့တွင်​ မီး​လောင်​မှုတစ်​ခုဖြစ်​ပွားခဲ့


ကသာ အောက်တိုဘာ ၂၂

စစ်​ကိုင်းတိုင်း​ဒေသကြီး ​ကောလင်းမြို့ ​ဈေးရုံဘိုတဲရပ်​တွင်​မီး​လောင်​မှု့တစ်​ခုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ယ​​နေ့ နံနက်​ ၁ နာရီ ၁၅ မိနစ်ခန့်​တွင်​ ​ကောလင်းမြို့မ ရဲစခန်းမှဒုရဲအုပ်​ဇင်​ဘိုဘိုဦး​ဆောင်​​သော ရဲတပ်​ဖွဲ့ဝင်​များသည်​​ကောလင်းမြို့ဘိုတဲရပ်​တွင်​မီး​လောင်​ နေ​ကြောင်း သတင်းအရသက်​​သေများနှင့်​အတူသွား​ရောက် ​စစ်​​ဆေးရာဦး​ကောင်းမြတ်​​ကျော်​၏၁၀​ပေ၄ခန်းဆီစက်​ဂို​တောင်​အတွင်းရှိလျှပ်​စစ်​မီးပလပ်​ခုံအပူလွန်​ကဲရာမှမီး​လောင်​မှုဖြစ်​ပွား​ကြောင်းစစ်​​ဆေး​တွေ့ရှိရသဖြင့်​လျှပ်​စစ်​မီးအားမဆင် မခြင်​ ​ပေါ့ဆစွာအသုံးပြုသူဦး​ကောင်းမြတ်​​ကျော်​၊​ဈေးရုံးရပ်​၊ ​ကောလင်းမြို့​နေသူအား​ကောလင်းမြို့မရဲစခန်းမှ ဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်းဒုရဲအုပ်​ဇင်​ဘိုဘိုမှ ​ပြောပြသိရှိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကောလင်းမြို့တွင်​ မီး​လောင်​မှုတစ်​ခုဖြစ်​ပွားခဲ့ ​ကောလင်းမြို့တွင်​ မီး​လောင်​မှုတစ်​ခုဖြစ်​ပွားခဲ့ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.