မန့်ပန်ရွာခံ ၁ ဦး လယ်ယာရေပိတ်ရန် လုပ်ဆောင်နေရာမှ မြေမြှုပ်မိုင်းပေါက်ကွဲ ခြေနှစ်ဖက်နှင့် လက်တစ်ဖက် ကျိုးကာ ဒဏ်ရာပြင်းထန်စွာရရှိ

ဓာတ်ပုံ- Mai Nyi Hein's Fb

မိုင်းနော;ဒါင်း၊ မားနဂါး
အောက်တိုဘာ ၂၁ ရက်၊ နမ့်ခမ်း။

နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာခံ ဦးအိုက်ယိုင်သည် လယ်ယာစိုက်ခင်းထဲ ဝင်နေသောရေများကို ပေါက်ပြားဖြင့် ပိတ်ရန် လုပ်ဆောင်နေစဉ် မြေမြှုပ်မိုင်းကို ပေါက်မိရာမှ ပေါက်ကွဲမှုကြောင့် ခြေနှစ်ဖက်နှင့် လက်တစ်ဖက်ကျိုးကာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုသည် အောက်တိုဘာ ၂၁ ရက် နံနက် ၁ဝ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့သည်။

“ထိခိုက်ဒဏ်ရာက စိုးရိမ်ရတယ်။ အခုက အသက်ရှူလို့ မရလို့ အပေါက်ဖောက်ပြီးတော့ အဲကနေ အသက်ရှူနေရ တယ်” ဟု သွားရောက်ကူညီခဲ့သည့် ပ္လါင်ဆာင်ငည်းလူငယ်မှ မိုင်းညီဟိန်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ခြေနှစ်ဖက်နှင့် ဘယ်ဖက်လက် ကျိုးသွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ လက်ရှိတွင် နမ့် ခမ်းမြို့နယ် ကုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ကာ ကုသမှုခံယူနေကြောင်း ၎င်းက ဆိုသည်။

၎င်းဒေသတွင် တပ်မတော်နှင့် တအာင်းတပ်မတော်တို့ သွားလာလှုပ်ရှားနေပြီး ယခင်ကလည်း မြေမြှုပ်မိုင်းနင်းမိခြင်း၊ လူပျောက်ခြင်းများ ရှိခဲ့ဖူးကြောင်း သိရသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မန့်ပန်ရွာခံ ၁ ဦး လယ်ယာရေပိတ်ရန် လုပ်ဆောင်နေရာမှ မြေမြှုပ်မိုင်းပေါက်ကွဲ ခြေနှစ်ဖက်နှင့် လက်တစ်ဖက် ကျိုးကာ ဒဏ်ရာပြင်းထန်စွာရရှိ မန့်ပန်ရွာခံ ၁ ဦး လယ်ယာရေပိတ်ရန် လုပ်ဆောင်နေရာမှ မြေမြှုပ်မိုင်းပေါက်ကွဲ ခြေနှစ်ဖက်နှင့် လက်တစ်ဖက် ကျိုးကာ ဒဏ်ရာပြင်းထန်စွာရရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.