ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၁၀ဦး ဒဏ်ရာရရှိ

ဂျပန်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် မီးရှူးမီးပန်းပွဲတော်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
တိုကျို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့ပိုင်း ရှိ အီဘာရာကီစီရင်စု၊ စုချီအူရာမြို့ ရှိ မီးရှူးမီးပန်းပွဲတော်တစ်ခု ၏ ဧရိယာအနီးတွင် အောက်တိုဘာ ၆ ရက်က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကလေးငယ်များအပါအဝင် လူ ၁၀ ဦး သည် မီးလောင်ဒဏ်ရာများ နှင့် ဒဏ်ရာအသေးစားများ ရရှိခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့က မတော်တဆဖြစ်ပွားရခြင်း အကြောင်းရင်းအသေးစိတ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

မီးရှူးမီးပန်းပြုလုပ်သူ ၅၆ဦး ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသားမီးရှူးမီးပန်းပြိုင်ပွဲ နေရာရှိ မြေပြင်ကွက်လပ်အနီးတွင် ဒေသစံတော်ချိန် ညနေ ၆း၃၀နာရီ တွင် မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းသတင်းများ၌ဖော်ပြခဲ့သည်။

ပြိုင်ပွဲအမှုဆောင်ကော်မတီ၏ ပြောကြားချက်အရ လေပြင်းထန်လာသောကြောင့် ရပ်၍ ကြည့်ရှုသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် မီးရှူးမီးပန်းပြိုင်ပွဲအား ဒေသစံတော်ချိန် ည၇း၄၀နာရီ အထိ ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၁၀ဦး ဒဏ်ရာရရှိ ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၁၀ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.