ဟေတီနိုင်ငံတွင် ငလျင်လှုပ်ခတ်၍ အနည်းဆုံး လူ ၁၀ဦးသေဆုံး

ဟေတီနိုင်ငံတွင် ယခင်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နေအိမ်များ ပျက်စီးနေစဉ် (ဓါတ်ပုံ-အင်တာနက်)
မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

 ဟေတီနိုင်ငံတွင် အောက်တိုဘာ ၆ ရက်နေ့ နှောင်းပိုင်းက အင်အား ၅.၉ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိချက်များအရသိရသည်။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အစိုးရသည် အရေးပေါ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် ည ၈း၁၀နာရီ တွင် Port-de-Paix မြို့ အနောက်မြောက်ဘက် ၂၀ကီလိုမီတာခန့် အကွာရှိ မြေပြင် အနက် ၁၁.၇ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ဟေတီနိုင်ငံတွင် ၂၀၁၀ခုနှစ်ကလှုပ်ခတ်ခဲ့သော ငလျင်ကြီးတစ်ခုကြောင့် လူ ၂၀၀,၀၀၀ ခန့် သေဆုံးခဲ့ပြီး အဆိုပါ ငလျင်သည် ရစ်ခ်ျတာစကေး ၇.၀ရှိကာ နှစ်ပေါင်း ၂၀၀အတွင်း နိုင်ငံ၌ အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဟေတီနိုင်ငံတွင် ငလျင်လှုပ်ခတ်၍ အနည်းဆုံး လူ ၁၀ဦးသေဆုံး ဟေတီနိုင်ငံတွင် ငလျင်လှုပ်ခတ်၍ အနည်းဆုံး လူ ၁၀ဦးသေဆုံး Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.