အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယီမင်နိုင်ငံ အရှေ့ပိုင်းတွင် လူ ၁၁ ဦးသေဆုံး

မိုးသက်လေပြင်းကျရောက်နေသည့် မြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)
ဆာနား၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

 အပူပိုင်းမုန်တိုင်း “လာဘန်”လွန်ခဲ့သော ရက်များက ယီမင်နိုင်ငံ အရှေ့ပိုင်း  Al Mahwit ပြည်နယ် ကုန်းမြေသို့ ၀င်ရောက်ခဲ့ရာ ရေကြီးရေလျှံဖြစ်ပွားမှု လူ ၁၁ ဦးသေဆုံးပြီး ၁၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်အခြေစိုက် ကုလသမဂ္ဂရုံးက  အောက်တိုဘာ ၂၁ ရက်နေ့ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါမုန်တိုင်း သည် အောက်တိုဘာ ၁၄ ရက်တွင် Al Mahwitပြည်နယ် ကုန်းမြေသို့ ၀င်ရောက်ခဲ့ရာ မိုးသက်လေပြင်းများကျရောက်ခဲ့ကြောင်း၊  ၄င်းပြည်နယ်အတွင်းရှိ အချို့နေရာဒေသများတွင် ရေကြီးရေလျှံမှု များဖြစ်ပွားခဲ့ရာ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ကြောင်း  ကြေညာချက် တွင် ဖော်ပြထား သည်။

ရေကြီးရေလျှံမှုကြောင့်  လူနေအဆောက်အဦ ၆၀ ကျော် ပျက်စီးခဲ့ပြီး မိသားစုပေါင်း ၂၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၊ လက်ရှိ Al Mahwitပြည်နယ်မြို့အများအပြားတွင် မိုးသက်လေပြင်း ကျရောက်မှုများ ရပ်စဲသွားပြီဖြစ်ရာ ယာဉ်သွားလမ်းအချို့ကိုလည်း ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ပြီး ၄င်းပြည်နယ်ရှိ ဆိပ်ကမ်းမှာလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ယခုနှစ် မေလတွင် အပူပိုင်းဆိုင်ကလုန်း “မေကူနူ”က ယီမင်နိုင်ငံ အိန္ဒိယသမုဒ္ဒရာရှိ Socotraကျွန်းကို ၀င်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယီမင်နိုင်ငံ အရှေ့ပိုင်းတွင် လူ ၁၁ ဦးသေဆုံး အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယီမင်နိုင်ငံ အရှေ့ပိုင်းတွင် လူ ၁၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.