အာဖဂန်နစ္စတန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၃၀ဦး သေဆုံး

အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)
အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ် Baghlan-e-Markazi ခရိုင် တွင်အောက်တိုဘာ ၂၁ရက်က စုဝေးပွဲနေသည့် တာလီဘန်အုပ်စုတစ်ခုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွ အယောက် ၃၀ သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Mohammad Hanif Rezai ကပြောကြားခဲ့သည်။

ထောက်လှမ်းရေးသတင်းအချက်များအရ တိုက်လေယာဉ်သည် Baghlan-e-Markazi ခရိုင် တွင် စုဝေးနေသည့် တာလီဘန်စစ်သွေးကြွများကို နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ရာ နေရာ၌ပင် စစ်သွေးကြွ အယောက် ၃၀သေဆုံးခဲ့ကြောင်း Rezai က ဆင်ဟွာသို့ပြောကြားခဲ့သည်။တာဝန်ရှိသူများက အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်းမရှိပေ။

တာလ်ီဘန်စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲများအတွက် ဆန္ဒပေးမှုကို အနှောင့်အယှက်ပေးရန် အောက်တိုဘာ ၂၀ ရက်တွင် Baghlan ပြည်နယ် မြို့တော် Pul-e-Khumri မြို့ အပါအဝင် အခြားအစိတ်အပိုင်းများ၌ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုများကြောင့် လူ ၁၃ဦးသေဆုံးခဲ့ပြီး အခြားလူ များစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ တာလီဘန်ဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၃၀ဦး သေဆုံး အာဖဂန်နစ္စတန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၃၀ဦး သေဆုံး Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.