ဆိုင်ကယ်စီးလာသူနှစ်ဦးအား ကတ္တရာကြိတ်စက်ယာဉ်မှ နောက်ပြန်ကြိတ်မိ၍ တစ်ဦးသေဆုံး


နေပြည်တော်၊ အောက်တိုဘာ ၂၄

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ အမှတ်(၃)ရပ်ကွက် ဗန်းမော်-မြစ်ကြီးနားသွား ကားလမ်း၌ ကတ္တရာလမ်းခင်းနေသော ကတ္တရာကြိတ်စက်ဖြင့် လူတစ်ဦးအားကြိတ်မိကြောင်း သတင်းရရှိသည်။

သတင်းအရ ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင် သွားရောက်စစ်ဆေးရာ ပါဝါဖိုက်စတားကုမ္ပဏီမှ AC ကတ္တရာလမ်းခင်းလုပ်ငန်းဆောင်ရွက်နေသည့် ယာဉ်မောင်း မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်နေ ဖြိုးဝေဇော်(ခ)ဘိုဘိုဇော်(၂၅)နှစ် မောင်းနှင်သည့် LIUGONG အမျိုးအစား တာယာရိုလာ ကတ္တရာကြိတ်စက်ယာဉ်သည် နောက်သို့ဆုတ်စဉ် ရင်ကွဲတောင်(ဒေသအခေါ်)အနီးရှိ တောယာခင်းမှ ဒေါ့ဖုန်းယန်မြို့ဘက်သို့ ကားလမ်းအတိုင်း မဆိုင်းဒင့်မောင်းနှင်ပြီး မိခင်ဖြစ်သူ ဒေါ်မနမ်ခေါန်(၅၈)နှစ် လိုက်ပါလာသည့် ရင်ဇင်း-၁၂၅ အစိမ်းရောင်ဆိုင်ကယ်အား ကြိတ်မိသဖြင့် မဆိုင်းဒင့်မှာ ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဒေါ်မနမ်ခေါန်မှာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ့ဖုန်းယန်ဆေးရုံမှတဆင့် ဗန်းမော်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသဖြင့် ဖြိုးဝေဇော်(ခ)ဘိုဘိုဇော်အား ဒေါ့ဖုန်းယန်နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pg/yezarnimedia
ဆိုင်ကယ်စီးလာသူနှစ်ဦးအား ကတ္တရာကြိတ်စက်ယာဉ်မှ နောက်ပြန်ကြိတ်မိ၍ တစ်ဦးသေဆုံး ဆိုင်ကယ်စီးလာသူနှစ်ဦးအား ကတ္တရာကြိတ်စက်ယာဉ်မှ နောက်ပြန်ကြိတ်မိ၍ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:16 Rating: 5
Powered by Blogger.