ရိုက်နှက်လုယက်သူအား အရေးယူထား


နေပြည်တော် အောက်တိုဘာ ၂၄

အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော် မြေဖြူတောင်အနီး၌ လမ်းလျှောက်နေသော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ကောင်စစ်ဝန် Mr. Nguyen Duc Hoa (၅၈)နှစ်အား သုံးခွမြို့နယ်၊ စွယ်တော်ချောင်ကျေးရွာနေ ကျော်ဇင်လတ်(၂၄)နှစ်မှ တုတ်ဖြင့်ရိုက်နှက် ပြီး လက်ကိုင်ဖုန်း(၂)လုံးနှင့် ကျောပိုးအိတ်(၁)လုံးတို့အား လုယက်ယူဆောင်သွား၍ Mr. Nguyen Duc Hoa တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသသည်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေ များနှင့်အတူ လိုက်လံဖမ်းဆီးရာ ကျော်ဇင်လတ် အား ရေမြောင်ကြီးစခန်းအနီး၌ ဖမ်းဆီးရမိခဲ့ သဖြင့် ကျော်ဇင်လတ်အား ကင်မွန်းချောင်း နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)
MOI Webportal Myanmar
https://www.facebook.com/pg/MOIWebportalMyanmar
ရိုက်နှက်လုယက်သူအား အရေးယူထား ရိုက်နှက်လုယက်သူအား အရေးယူထား Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.