ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ဘုရားနှင့်သိမ်ကို ဖြိုဖျက်ရာမှ ဆန္ဒပြကန့်ကွက်မှု ပေါ်ပေါက်နေ


နိရဉ္စရာ၊ အောက်တိုဘာ ၂၄

မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလာ စစ်တပ်နှင့် ၎င်းဒေသတွင် အခြေချနေထိုင်ရန် ရောက်လာသည့် ဘင်္ဂလီလူမျိုးများမှ ၇ ပေအမြင့်ရှိသည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူနှင့် ကိန်းဝပ်စံပယ်ရာ သိမ်ကို ၀င်ရောက် ဖြိုဖျက်သွားသဖြင့် ဆန္ဒပြကန့်ကွက်မှုများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။


ဆန္ဒဖော်ထုတ်သူများက ၎င်းဘုရားများကို ဖြိုဖျက်သူ ဘင်္ဂလာဒေ့ရှ် စစ်တပ်ကို အလိုမရှိ၊ ဖြိုဖျက်သူများကို တရားဥပဒေနှင့် အရေးယူရန်နှင့် ဖြိုဖျက်ရသည့် အကြောင်းအရင်းကို ရှင်းလင်းရန် တောင်းဆိုနေကြသည်ဟု သိရသည်။


၎င်းဘုရားမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ (ရခိုင်အခေါ် ဖလံထောင်) ခါကာဆိုရီခရိုင် ဂွိမားရာမြို့နယ် ဘရစ်ကျေးရွာနှင့် လင်းကျေးရွာ အလယ် ကုန်းတော်တစ်ခုတွင် တည်ထားသော ညာဏ်တော် ၇ပေအမြင့် ဗုဒ္ဓရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။


ဘင်္ဂလာဒေ့ရှ်စစ်တပ်နှင့် ၎င်းဒေသတွင် အခြေချရန် ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများသည် ကားအနည်းဆုံး ၁၅ စီးဖြင့် အောက်တိုဘာ ၂၂ ရက်နေ့ ညဥ့်အချိန်ဘုရားကျောင်းဝင်း အတွင်းသို့ ၀င်ရောက်လာပြီး သူတို့နှင့် အတူ ပါလာသည့် သံတူရွင်း၊ တူ၊ ပေါက်တူးများဖြင့် ဖြိုဖျက်ပစ်ခဲ့သည်ဟု ဒေသအတွင်းကလာသော သတင်းများတွင် ရေးသား ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ဘုရားနှင့်သိမ်ကို ဖြိုဖျက်ရာမှ ဆန္ဒပြကန့်ကွက်မှု ပေါ်ပေါက်နေ ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ဘုရားနှင့်သိမ်ကို ဖြိုဖျက်ရာမှ ဆန္ဒပြကန့်ကွက်မှု ပေါ်ပေါက်နေ Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.