ကြမ်းတိုက်တံဖြင့် ရိုက်သော ခင်ပွန်းအား ဇနှီးမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား


မုနိမြီ၊ အောက်တိုဘာ ၂၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေကုန်းကျေးရွာ၌ လင်မယားချင်းစကားများရာမှ ခင်ပွန်းအား ဇနှီးမှ ဓါးဖြင့် ထိုးမှုဖြစ်ပွား ခင်ပွန်းသေဆုံးမှုဖြစ်ပွားကြောင်း လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရပါသည်။

"၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့် လွိုင်ကော်မြို့နယ်၊ အောင်သပြေကုန်း ကျေးရွာတွင် ဒေါ်လောရင်းရှာ အသက်(၄၃)နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးပီးယို (၅၃)နှစ်တို့ နေအိမ်၌ လင်မယားချင်းစကားများစဉ် ဦးပီးယိုမှ ဒေါ်လောရင်းရှာအား ကြမ်းတိုက်တံဖြင့် တစ်ချက်ရိုက်ခဲ့ကြောင်း၊ ထို့နောက် ဆက်လက်စကားများကြရာ ဦးပီးယိုက ထပ်မံရိုက်ရန်ပြုစဉ် ဒေါ်လောရင်းရှာက လက်ထဲတွင်အသင့်ကိုင်ထားသည့် ဓားဖြင့်ထိုးလိုက်၍ ဦးပီးယိုတွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားသည်"ဟု Munimary News Agencyသို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ တံရားခံ ဒေါ်လောရင်းရှာ အား လွိုင်ကော်မြို့မ ရဲစခန်း(ပ)၂၃၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

သုတ(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
ကြမ်းတိုက်တံဖြင့် ရိုက်သော ခင်ပွန်းအား ဇနှီးမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား ကြမ်းတိုက်တံဖြင့် ရိုက်သော ခင်ပွန်းအား ဇနှီးမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.