ဗုဗ္ဗာရုံကျောင်းရှိ ကောင်းဟုန်းရွာစစ်ရှောင် နေရပ်ပြန်

ဓာတ်ပုံ- Namtu Ta'ang Youth

မိုင်းရူကော၊ မားနဂါး
အောက်တိုဘာ ၂၇ ရက်၊ နမ္မတူ။

TNLA၊ SSPP ပူးပေါင်းတပ်ဖွဲ့နှင့် တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS) တို့အကြား အောက်တိုဘာ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နမ္မတူမြို့ ဗုဗ္ဗာရုံကျောင်းသို့ ရောက်ရှိနေသော ကောင်းဟုန်းရွာခံ ၉ဝ ဦးသည် ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် နေရပ်သို့ ပြန်သွားပြီဖြစ်သည်။

ကျေးရွာအတွင်း တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်သည့်အတွက် နေရပ်သို့ ပြန်သွားခြင်းဖြစ်ကြောင်း ကောင်းဟုန်းရွာခံ တစ်ဦးက ဆိုသည်။

ကောင်းဟုန်းရွာခံ ကိုကျော်ခိုင်က "ရွာကိုအကုန်ပြန်ရောက်နေကြပါပြီ။ တိုက်ပွဲတွေကတော့ လောလောဆယ်မှာ ငြိမ် သွားပြီ။ တပ်မတော်စစ်ကြောင်းကတော့ လမ်းတွေမှာ သွားလာတာ ရှိနေတုန်းဘဲ" ဟု မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

ဓာတ်ပုံ- Namtu Ta'ang Youth

အောက်တိုဘာလသည် ပြောင်းစိုက်တောင်သူများ ပြောင်းချိုးသည့်ကာလဖြစ်သည့်အတွက် စစ်ရှောင်များသည် နေရပ် တွင် တိုက်ပွဲငြိမ်သက်သည်နှင့်တစ်ပြိုင်နက် ပြန်သွားခြင်းဖြစ်ကြောင်း နမ္မတူတအာင်းလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောပါ သည်။

"ရွာမှာ တိုက်ပွဲတွေငြိမ်သွားပြီဆိုလို့ ဒီနေ့ ပြန်သွားကြပါပြီ။ ပြီးတော့ အခုက ပြောင်းဖူးရိတ်သိမ်းရမယ့်ရာသီလေ။ တစ် နှစ်ပတ်လုံးမှာက ဒီလက အရေးကြီးဆုံးအချိန်ဖြစ်နေတယ်" ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နမ္မတူမြို့ မိုင်းရင်၊ ကောင်းဆန်၊ မန်တီး၊ နားနတ်၊ ပန် လောက်ရွာခံ ၇ဝဝ ဝန်းကျင်သည် ရွှေမြင်သာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရဆဲဖြစ်သည်။

လက်ရှိအချိန်တွင် မိုင်းရင်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ သွားလာလှုပ် ရှားနေသည့်အတွက် တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ဗုဗ္ဗာရုံကျောင်းရှိ ကောင်းဟုန်းရွာစစ်ရှောင် နေရပ်ပြန် ဗုဗ္ဗာရုံကျောင်းရှိ ကောင်းဟုန်းရွာစစ်ရှောင် နေရပ်ပြန် Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.