ကျောက်တော်မြို့နယ်တွင် စိတ်မနှံ့သည့် ၁၁ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူ ထွက်ပြေးလွတ်မြောက်နေဆဲ

ဓာတ်ပုံ - ဆေးရုံတက်ရောက်နေရသည့် မိန်းကလေးငယ်အား မိခင်နှင့်အတူ တွေ့ရစဉ်။
ကျောက်တော်၊ အောက်တိုဘာ ၆၊ ၂၀၁၈။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စိတ်မနံှ့သည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်သူသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ရွာသစ်ကေကျေးရွာမှ အဆိုပါမိန်းကလေးငယ်အား တစ်ရွာတည်းနေ ဦးထွန်းစိန်မောင် (၅၂ နှစ်)ဆိုသူက ရွာအပြင်ခြုံပုတ်တွင် အောက်တိုဘာလ ၂ ရက်နေ့က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အဓမ္မပြုကျင့်ခဲ့သူဦးထွန်းစိန်မောင်သည် ထွက်ပြေးလွတ်မြောက်သွားသည်မှာ ယနေ့ထိပင်ဖြစ်သည်။

"ကျနော်တို့ ကျူးလွန်သူနောက်ကိုလိုက်နေပါတယ်။ မြောက်ဦးဘက်ကို ထွက်ပြေးသွားတယ်လို့သိရလို့ မြောက်ဦးဘက်ကိုလည်း လိုက်ပြီးစုံစမ်းနေပါတယ်။ ဖမ်းလို့တော့ မမိသေးဘူး။"ဟု အပေါက်ဝနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူအား အပေါက်ဝနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးငယ်သည် အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသခံယူခဲ့ရကြောင်းလည်း သိရသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
ကျောက်တော်မြို့နယ်တွင် စိတ်မနှံ့သည့် ၁၁ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူ ထွက်ပြေးလွတ်မြောက်နေဆဲ ကျောက်တော်မြို့နယ်တွင် စိတ်မနှံ့သည့် ၁၁ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူ ထွက်ပြေးလွတ်မြောက်နေဆဲ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.