အနိမ့်ဆုံးလစာ ကမ္ဘောဒီးယား တိုးမြှင့်

(ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့က အထည်ချုပ်စက်ရုံတစ်ရုံကို ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်)
ဝန်ကြီးချုပ် Hun Sen က ပေးထားတဲ့ ရွေးကောက်ပွဲ ကတိအတိုင်း လောလောဆယ် အနိမ့်ဆုံးလစာ တစ်လ ဒေါ်လာ ၁၇၀ ရရှိတဲ့ ကမ္ဘောဒီးယား အထည်ချုပ်လုပ်သားတွေရဲ့ လစာကို ဒီနေ့ကစလို့ တစ်လ ၁၂ ဒေါ်လာ တိုးပေးလိုက်ပါတယ်။

ဒေါ်လာ သန်း ၇ ထောင်နဲ့လည်ပတ်နေတဲ့ ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းမှာ အထည်ချုပ် လုပ်သား ၇ သိန်း ၄ သောင်းကျော်ရှိပါတယ်။ နိုင်ငံမှာ ငွေကြေးဖောင်းပွနှုန်းတိုးနေပြီး လူနေမှုစရိတ်မြင့်မားနေတဲ့အတွက် ဒီလစာ တိုးပေးတာနဲ့ ဖြေရှင်းမပေးနိုင်လောက်ဘူးလို့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ပြောပါတယ်။

အထည်ချုပ်လုပ်သားတွေကို တစ်လ အနည်းဆုံး ၁၅ ဒေါ်လာတိုးပေးဖို့ တောင်းခံထားတာမို့ ဒီပမာဏဟာ ကျေနပ်တဲ့အဆင့် မဟုတ်ဘူးလို့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အနိမ့်ဆုံးလစာ ကမ္ဘောဒီးယား တိုးမြှင့် အနိမ့်ဆုံးလစာ ကမ္ဘောဒီးယား တိုးမြှင့် Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.