အတိုင်ပင်ခံ ပုဂ္ဂိုလ် NHK နဲ့ အင်တာဗျူး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျပန်သတင်းဌာန NHK တို့ ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က အင်တာဗျူး ပြုလုပ်စဉ်/ Photo: Myanmar State Counsellor Office
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဂျပန်သတင်းဌာန NHK နဲ့ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မဲခေါင်- ဂျပန် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ရရှိလာနိုင်တဲ့ အကျိုးရလဒ်တွေကိုလည်း Hotel New Otani Tokyo ဟိုတယ်မှာ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်တာဗျူးအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ စစ်သံရုံးတွေက ၀န်ထမ်းတွေ မိသားစုဝင်တွေကို တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နဲ့ ဂျပန်နိုင်ငံခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးဖို့ ဂျပန်နိုင်ငံကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အတိုင်ပင်ခံ ပုဂ္ဂိုလ် NHK နဲ့ အင်တာဗျူး အတိုင်ပင်ခံ ပုဂ္ဂိုလ် NHK နဲ့ အင်တာဗျူး Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.