သပိတ်စခန်းအကြမ်းဖက်မှု ရပ်ကွက်နေပြည်သူအချို့ကို ရဲတပ်ဖွဲ့ဖမ်းဆီး


အောက်တိုဘာ ၁၅

ဖုယွင်အလုပ်သမားသပိတ်စခန်းအား အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းသူများအား စက်ရုံအတွင်းမှအပြင်သို့ ခိုးထုတ် လာခြင်းကိုရပ်ကွက်နေပြည်သူများကကျေနပ်မှုမရှိသည့်အတွက် ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ၄င်းရိုက်နှက်သူ ရပ်ကွက်နေပြည်သူအချို့ကိုဖမ်းဆီးခဲ့ကြောင်း ဖုယွင်အလုပ်သမားအရေးလိုက်ပါဆောင်ရွက် နေသူ ဦးအောင်မြင့်က ပြောကြားသည်။

“ညနေက ကျွန်တော်တို့အကြမ်းဖက်တဲ့လူတွေကို စက်ရုံထဲမှာထည့်ထားတယ်။အဲ့ဒိလူတွေကိုစက်ရုံထဲက ခိုး ထုတ်တာပေါ့။ခိုးထုတ်တာကို ရပ်ကွက်လူတွေကမခံချင်လို့ဝိုင်းရိုက်တယ်။အခုဝိုင်းရိုက်တဲလူတွေကို စခန်းမှာ ဖမ်းထည့်ထားတယ်”ဟု ဖုယွင်အလုပ်သမားအရေးဆောင်ရွက်သူ ဦးအောင်မြင့်က ပြောကြားသည်။

အလုပ်သမား ၃၀ ကျော်ကိုအလုပ်မှထုတ်ပယ်ခဲ့မှုကြောင့် အလုပ်ပြန်လည်ခန့်အပ်ပေးရန်တောင်းဆိုရာမှ သပိတ်စခန်းအဆင့်အထိဖြစ်ပေါ်တောင်းဆိုခဲ့သည့် အလုပ်သမားသပိတ်စခန်းကို အမည်မသိလူအင်အား ၃၀ ခန့်က ယနေ့နံနက် ၉နာရီအချိန်ခန့်တွင် အကြမ်းဖက်ဝင်ရောက်ရိုက်နှက်ဖြိုခွင်းရာမှ သပိတ်စခန်းရှိ အလုပ် သမား ၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ စံပြဆေးရုံသို့တင်ပို့ဆေးကုသခဲ့ရကြောင်းသိရသည်။

ထို့နောက် သပိတ်စခန်းဝင်ရောက်ဖြိုခွင်းသူများကို စက်ရုံမှပြင်ပသို့တိတ်တဆိတ်ထွက်ခွာစေသည့်အပေါ် သပိတ်စခန်းရှိလုပ်သမားများအပြင် ရပ်ကွက်နေပြည်သူအချို့ကြား ဒုတိယအကြိမ်ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရဲ တပ်ဖွဲ့က ရပ်ကွက်နေပြည်သူ လေးဦးခန့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးအောင်မြင့်က ပြောကြားသည်။

လက်ရှိတွင် အလုပ်သမားသပိတ်စခန်းအရေးဆောင်ရွက်သူများဘက် မှလည်း သပိတ်စခန်းအားအကြမ်းဖက်ဝင်ရောက်ဖြိုခွင်းသူများကို ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့မရဲစခန်းတွင် အရေးယူပေးရန်အမှုဖွင့်တိုင်ကြားလျက်ရှိ ကြောင်းသိရသည်။

ကိုလူသစ်
The Fifth Wave News
https://www.facebook.com/fifthwavenews/
သပိတ်စခန်းအကြမ်းဖက်မှု ရပ်ကွက်နေပြည်သူအချို့ကို ရဲတပ်ဖွဲ့ဖမ်းဆီး သပိတ်စခန်းအကြမ်းဖက်မှု ရပ်ကွက်နေပြည်သူအချို့ကို ရဲတပ်ဖွဲ့ဖမ်းဆီး Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.