တရားမဝင်ရွှေမျှောများတိုက်မှုကြောင့် ဟုမ္မလင်းမြို့နယ် ကွေ့ပေကျေးရွာအနီးမြေပြိုမှုများဖြစ်ပေါ်နေ


ဟုမ္မလင်း အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့နယ်ဟဲဖက်အုပ်စုကွေ့ပေကျေးရွာအနီးတရားမဝင်ရွှေမျှောတိုက်မှုလုပ်ငန်းများကြောင့်တောင်သူများ၏လယ်ယာမြေများပျက်စီးရပြီး ကျေးရွာရှိအိမ်ခြေ ၆၅ အိမ်မှာနှစ်စဉ် ရေကြီးရေလျှံမှုဒဏ်ကိုခံနေရပြီးသက်ကြီးရွယ်အိုများနှင့် ကျောင်းသား ကျောင်းသူများမှာလည်း ရွှေမျှောစက်မောင်းနှင် သံများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းသိရှိရသည်။

" ဟုမ္မလင်းမြို့နယ် ဟဲဖက်အုပ်စုကွေ့ပေကျေးရွာအနီး ချောင်းကြီးချောင်းအတွင်းနဲ့ ချောင်းရိုးတစ်လျှောက်မှာ တရားမဝင် ရွှေမျှောပေါင်း ၈၀၀ ခန့်နဲ့ရွှေရှာဖွေလုပ်ကိုင်နေပါတယ်။ ဒီရွှေမျှောများကြောင့်သဘာဝပတ်ဝန်းကျင်ဆိုးရွားစွာပျက်စီးနေပါတယ်။ ဒါပြင်တောင်သူများ၏လယ်ယာမြေများလည်းပျက်စီးနေပါတယ်။ ကျေးရွာရှိလူနေအိမ်ခြေ ၆၅ လုံးကလည်းနှစ်စဉ်ရေကြီးရေလျှံ မူ ဒဏ်ကိုခံနေကြရပါတယ်။ သက်ကြီးရွယ်အိုများနဲ့ကျောင်းသား ကျောင်းသူများလည်းရွှေမျှောစက်မောင်းနှင်သံများကြောင့်  စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်။ ပိုဆိုးတာကနိုင်ငံပိုင်မြေများကိုဥပဒေမဲ့ရောင်းချမူများရှိနေပါတယ် ။ ဒါတွေကိုဘယ်သူကခွင့်ပြုထားဒါပါလဲ" ဟု ဆရာတော်အရှင်ဓမ္မပါလနှင့်ဒေသခံများကပြောသည်။

ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရားမဝင်ရွှေမျှောများတိုက်မှုကြောင့် ဟုမ္မလင်းမြို့နယ် ကွေ့ပေကျေးရွာအနီးမြေပြိုမှုများဖြစ်ပေါ်နေ တရားမဝင်ရွှေမျှောများတိုက်မှုကြောင့် ဟုမ္မလင်းမြို့နယ် ကွေ့ပေကျေးရွာအနီးမြေပြိုမှုများဖြစ်ပေါ်နေ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.